တောင်ဝင်ရိုးစွန်းရေခဲပြင်ကြီး ထင်ထားတာထက် ပိုမိုမျောပါနေ၍ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နိုင်မည့်အပေါ် စိုးရိမ်နေရ

တောင်ဝင်ရိုးစွန်းရေခဲပြင်ကြီး ထင်ထားတာထက် ပိုမိုမျောပါနေ၍ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နိုင်မည့်အပေါ် စိုးရိမ်နေရ
(ဓာတ်ပုံ - AFP)

တောင်ဝင်ရိုးစွန်းဒေသမှာ ပြင်သစ်နိုင်ငံတစ်နိုင်ငံစာ အရွယ်အစားရှိ ကြီးမားလှတဲ့ ရေခဲပြင်ထုကြီးကတော့ ယခုအခါ ယခင် ထင်ထားတာထက် သမုဒ္ဒရာတွင်းမှာ ပိုမို ပေါလောပေါ် မျောပါနေလျက်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါကြောင့်လည်း ရာသီဥတု ပိုမို ပူနွေးလာတာနဲ့အမျှ ယင်း ရေခဲထုကြီးဟာ ပိုမို မြန်မြန်ဆန်ဆန် အရည်ပျော်ကျ သွားနိုင်မယ့်အပေါ် စိုးရိမ်ပူပန်နေရပြီဖြစ်ကြောင်း ပညာရှင်တွေက ပြောပါတယ်။

ယင်းအပြင် အဆိုပါ အခြေအနေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နိုင်မှုအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတစ်ခုလည်း ရှိနေပြီလို့လည်း ဆိုပါတယ်။

သိပ္ပံပညာရှင်တွေက ရေခဲထုကြီးကို ဆန်းစစ်လေ့လာခဲ့ရာမှာတော့ အဆိုပါ Totten Glacier ရေခဲမြစ်ကြီးဟာ သမုဒ္ဒရာထဲမှာ ယခင် ထင်ထားတာထက်တောင် ပိုမို မျောပါနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

"သူ့အောက်မှာ ရှိတဲ့ သမုဒ္ဒရာရဲ့ ညွှန်ပြမှုအထောက်အထားတွေအရ ဒီ ရေခဲထုကြီးဟာ တကယ့်ကို ပေါလောပေါ် မျောနေပြီဖြစ်ပါတယ်" ဆိုပြီး Central Washington တက္ကသိုလ်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Paul Winberry က ပြောသွားပါတယ်။

ယခင်လေ့လာချက်တွေအရလည်း အဆိုပါ ရေခဲထုကြီးရဲ့ အောက်ခြေပိုင်းတွေဟာ အပူကြောင့် တိုက်စားခံထားရပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags