သင်္ကြန်အကြတ်နေ့ရဲ့ ရန်ကုန်ကန်တော်ကြီးလမ်း လျှောက်သင်္ကြန် ဒုတိယနေ့ ဆက်လက်ကျင်းပ

သင်္ကြန်အကြတ်နေ့ရဲ့ ရန်ကုန်ကန်တော်ကြီးလမ်း လျှောက်သင်္ကြန် ဒုတိယနေ့ ဆက်လက်ကျင်းပ

ဧပြီလ ၁၅ ရက်နေ့၊ မဟာသင်္ကြန်အကြတ်နေ့ရဲ့ ရန်ကုန်ကန်တော်ကြီး လမ်းလျှောက် သင်္ကြန်ကို ကန်တော်ကြီးမှာ ကျင်းပနေပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ဧဒင် အုပ်စု Denko ၊ MAB စတဲ့ အစုအဖွဲ့ ကုမ္ပဏီတွေ အပါ အဝင် ညီနောင်ကုမ္ပဏီတွေ ပူးပေါင်း ပြီး ဦးဆောင်ကျင်း ပနေတာပါ။

"ကန်တော်ကြီးမှာရှိတဲ့လုပ်ငန်းရှင်တွေ ပံ့ပိုးပါဝင်ကူညီဖို့ အဆိုပြုတဲ့အချိန်မှာ ကျွန်တော်တို့ ဧဒင်အုပ်စုကုမ္ပဏီ က ဦးထောင်ဘိုအဝိုင်းကနေ ဟိုအထဲက ဆင်ဖြူရုပ်ကြီးတွေ ရှိတဲ့အထိ ရန်ကုန်လမ်းလျှောက်သင်္ကြန် ဖြစ်အောင် ဆောင်ရွက်ခဲ့တာပါ၊ ကားနဲ့လည်ပတ်ကြတာက တစ်မျိုး ပေါ့၊ ဒါကတော့ မိသားစုနဲ့ ပျော်ရွှင်စွာ လမ်းလျှောက် ပျော်ရွှင်နိုင်အောင် လုပ်ပေးတဲ့သဘောပါ" လို့ ကန်တော်ကြီး လမ်းလျှောက်သင်္ကြန် ပွဲတော်ဖြစ်မြောက်ရေး တာဝန်ခံ Eden Group မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းထွဋ်အောင်က ပြောပါတယ်။

ရန်ကုန်ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တာပါ။

ကန်တော်ကြီးလမ်းလျှောက်သင်္ကြန်အတွင်းမှာ မြန်မာ့ ရိုးရာကျေးလက်ဆန်ဆန် နွားလှည်းတွေနဲ့ ရေဆော့ ကစားဖို့ ရခိုင်ရိုးရာဆန်ဆန် လောင်းလှေကြီးတွေလည်း ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ဖျော်ဖြေရေးမဏ္ဍပ် တွေအပါအဝင် စတုဒီတာမဏ္ဍပ်တွေလည်း ပါဝင်တယ် လို့ သိရပါတယ်။

"ဒီပွဲတော်အတွင်းမှာ လာရောက်အပန်းဖြေ ရေကစား ကြသူတွေ အပူရှိန်မရှိအောင် ရေပန်းတွေလည်း လွှတ် ပေးထားတယ်၊ ပိတောက်ရောင်ပိတ်စတွေနဲ့လည်း လမ်း တစ်လျှောက်အလှ ဆင်ပေးထားတယ်၊ နောက်ပြီး စတုဒိတာမဏ္ဍပ်တွေ ဖျော်ဖြေရေးမဏ္ဍပ်တွေလည်း တစ်နေ ကုန် ရှိတယ်" လို့ ကန်တော်ကြီး လမ်းလျှောက် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးတာဝန်ခံ Eden Groupမှ  ဦးသန်းထွဋ်အောင်က ပြောပါတယ်။

ရန်ကုန်ကန်တော်ကြီးလမ်းလျှောက်သင်္ကြန်အတွင်းက ရေဆော့ကစားသူတွေရဲ့လုံခြုံရေးအတွက်လည်း မြို့တော် စည်ပင်သာယာရေးအဖွဲ့နဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ က တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

" အားလုံးအဆင်ပြေပါတယ်၊ ကားတွေနဲ့မလည်နိုင်သူ တွေအတွက်လည်း ဒါလေးက တော်တော်အဆင်ပြေ တယ်၊ ဒါမျိုး မကြုံဖူးဘူး၊ နောက်နှစ်တွေလည်း ထပ်လုပ် ပေးစေချင်တယ် " လို့ အလုံမြို့နယ်က လာရောက်လည် ပတ်သူ မအေးသန္တာက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာလည်း လမ်းလျှောက် သင်္ကြန်ပွဲတော်တွေ ဆင်နွှဲနေသလို ရန်ကုန်မြို့ရဲ့ လမ်းလျှောက်သင်္ကြန်ကို ကန်တော်ကြီးဥယျာဉ် အပါအဝင် မဟာဗန္ဓုလပန်းခြံ၊ ဦးဥတ္တမပန်းခြံနေရာတွေ မှာလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly