လီဗာပူးလ်အသင်းရဲ့ ပရိသတ်လေးတွေကို လုံးဝအံ့အားသင့်စေခဲ့တဲ့ ဆာလာ

.

ဆာလာဟာ လီဗာပူးလ်ကစားသမားဘဝစတင်ချိန်မှာ အထူးခြေစွမ်းပြနေပြီး ၄၂ ပွဲမှာ ၃၈ ဂိုးထိသွင်းထားတာကြောင့် လီဗာပူးလ် သမိုင်းမှာ ရာသီအဖွင့်ကိုအကောင်းဆုံးစတင်နိုင်သူအဖြစ် စံချိန်တင်နေသူဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ငယ်ရွယ်တဲ့ပရိသတ်တွေအတွက်လည်း သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ပြီး အဲဒီပရိသတ်လေးတွေကို သူက အံ့အားသင့်စေခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို လီဗာပူးလ်အသင်းရဲ့ You Tube ချန်နယ်မှာ တင်ထားတာကို တွေ့ရပါတယ်။

ကျောင်းသားကျောင်းသူ ၂၀ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဘောလုံးပွဲကြေညာသူအဖြစ် ပြိုင်ပွဲဝင်ခိုင်းပြီး အကောင်းဆုံးကြေညာနိုင်တဲ့အတွဲက ဆာလာနဲ့ တွေ့ရမယ်ဆိုပြီး အသိပေးထားပါတယ်။

သူတို့ရဲ့ဘေးဘက်က ပိုစတာနောက်မှာ အဲဒီအီဂျစ်ကြယ်ပွင့်က သူတို့ကို အံ့အားသင့်အောင်လုပ်ဖို့ စောင့်နေတယ်ဆိုတာကိုတော့ မသိကြပါဘူး။

ဘောလုံးပွဲအစီအစဉ်ကြေညာသူအဖြစ်ပြိုင်ပွဲဝင်နေကြသူလေးတွေဟာ ဘာတွေဖြစ်လာမလဲဆိုတာကို တကယ်ပဲမသိခဲ့ကြပါဘူး။ ပွဲကြေညာနေတုန်း ပိုစတာကိုခွဲပြီး ဆာလာခုန်ထွက်လာချိန်မှာတော့ ကလေးတွေဖြစ်ပျက်သွားတဲ့ အမူအယာက အဖိုးမဖြတ်နိုင်အောင်ပါပဲ။

တချို့ဆို စကားလုံးတွေတောင် ပျောက်ဆုံးသွားရပါတယ်။ ဒီလိုနည်းနဲ့ ကလေးတွေကို ဆာလာက တကယ့်ကို အံ့အားသင့်ပျော်ရွှင်စေခဲ့ပါတယ်။

Source; Liverpool FC YouTube