တောဆင်ရိုင်းတစ်​​ကောင်​အား ခန္ဓာကိုယ်​ သုံးပိုင်​း ပိုင်​းလျက်​​တွေ့ရှိ

တောဆင်ရိုင်းတစ်​​ကောင်​အား ခန္ဓာကိုယ်​ သုံးပိုင်​း ပိုင်​းလျက်​​တွေ့ရှိ

ရန်​ကုန်​တိုင်​း​ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကလီထော်ကြိုးဝိုင်းအတွင်​းမှ တောဆင်ရိုင်းတစ်​​ကောင်​အား အ​ရေခွံခွာ၊ အစွယ်​ဖြတ်​ခံထားရကာ ခန္ဓာကိုယ်​ သုံးပိုင်​း ပိုင်​းလျက်​​တွေ့ရှိခဲ့​ကြောင်​း ပြည်​ထဲ​ရေးဝန်​ကြီးဌာနမှ သတင်​းထုတ်​ပြန်​ထားသည်​။

အဆိုပါ ပုံစံမျိုးဖြင်​့ ​သေဆုံးလျက်​​တွေ့ရှိခဲ့​သော ​တောဆင်​ရိုင်​းမှာ အလျား ၁၁ ပေ၊ အမြင့် ၈ ပေ၊ လုံးပတ် ၁၃ ပေခန့်ရှိ အသက် ၃၅ နှစ် ခန့်ရှိသော ​တောဆင်​ရိုင်​းအထီးတစ်​​ကောင်​ ဖြစ်​​ကြောင်​း သိရသည်​။

သတင်​းအရ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်လွင်၊ ခမရ(၇ဝ၉) (ဖောင်ကြီး)မှ တပ်မတော်သားများ၊ ဖောင်ကြီးနယ်မြေရဲခစန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဧပြီလ ၁၂ ရက်​တွင်​ ကလီထော်ကြိုးဝိုင်း အကွက်အမှတ်(၁၀၈) သစ်ငုတ်တိုမြောင်အတွင်းသို့ သွား​ရောက်​စစ်​​ဆေးခဲ့ရာမှ အဆိုပါ ဆင်​​သေကို ​တွေ့ရှိခဲ့ခြင်​းဖြစ်​​ကြောင်​းသိရသည်​။ 

တွေ့ရှိခဲ့သည်​့ ဆင်​​သေ ခန္ဓာကိုယ်​ကို အခင်​းဖြစ်​ပွား​နေရာတွင်​ မီးရှို့ဖျက်​ဆီးခဲ့​ပြီး  အဆိုပါ တောဆင်ရိုင်း သတ်ဖြတ်ခံရခြင်းနှင့် ပတ်​သက်​ပြီး​မြို့နယ်သစ်တောဦးစီးဌာနမှ လာရောက် တိုင်တန်းပါက ဖောင်ကြီးနယ်မြေရဲခစန်းမှ ဥပဒေနှင့်အညီ အမှုဖွင်​့အ​ရေးယူသွားမည်​ဖြစ်​​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly