ကမ္ဘာ့ဖလားပွဲတွေ လက်ခံကျင်းပမယ့် ကာဇန်မြို့နဲ့ ဘောလုံးကွင်း

.

ဇွန်လအတွင်းမှာ ရုရှနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ခံကျင်းပမယ့်မြို့နဲ့ ဘောလုံး ကွင်းတချို့ရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေ၊ ဆိုးသွမ်းပရိသတ်တွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ စသည်ဖြင့် ကမ္ဘာ့မီဒီယာတွေကအမျိုးမျိုးပုံဖော်မှုတွေ ရှိနေပေမယ့်လည်း အိမ်ရှင်ရုရှနိုင်ငံကတော့ ပြိုင်ပွဲကို အောင်အောင်မြင်မြင်နဲ့လက်ခံကျင်းပနိုင်ဖို့ ကြိုးစားနေပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက ခြေစစ်ပွဲအောင်မြင်တဲ့အသင်းပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်ကြမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇွန် ၁၄ ကနေ ဇူလိုင် ၁၅ ထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ပရိသတ်တွေအခုမြင်တွေ့ရမှာကတော့ ကာဇန်မြို့မြင်ကွင်းတွေနဲ့ ကာဇန်ဘောလုံးကွင်းပဲဖြစ်ပါတယ်။ ဒီကွင်းဟာပရိသတ် ၄၅, ၀၀၀ ဝင်ဆံ့ပြီး ကမ္ဘာ့ဖလားမှာ အုပ်စု B, C, F, H ရဲ့ပွဲစဉ် တစ်ပွဲစီ၊ ၁၆ သင်းအဆင့်ပွဲစဉ်တစ်ပွဲနဲ့ ကွာတားအဆင့်ပွဲစဉ်တစ်ပွဲ တို့ကို လက်ခံကျင်းပသွားမှာပါ။