မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့်သူ မရှိသဖြင့် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်သာ ဆက်လက် တာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။
ဦးဇော်ဇော်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကို ၂၀၀၅ ခုနှစ်ကတည်းက တာဝန် ယူဆောင်ရွက်ခဲ့ပြီး ဥက္ကဋ္ဌသက်တမ်း ဒုတိယသက်တမ်းကို ဆောင်ရွက်နေခြင်းဖြစ်ကာ ယခုဆက် လက် တာဝန်ထမ်းဆောင်မည် ဖြစ်သောကြောင့် တတိယသက်တမ်းကို ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်သည်။
“ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်သူမရှိလို့ နောက်ထပ် လေးနှစ်သက် တမ်းကို ဆက်ပြီး တာဝန်ထမ်းဆောင်မှာပါ။ မြန်မာ့ဘောလုံးကို အာရှအဆင့် ပြန်ရောက်အောင် ဆွဲတင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဦးဇော်ဇော် ကပြောသည်။
ဦးဇော်ဇော်လက်ထက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံအကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆုကို နှစ်နှစ်ဆက် ရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပ နိုင်ရန် စွမ်းဆောင်နိုင်ခဲ့သည်။ ဦးဇော်ဇော်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ရာထူးအပြင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်နေသည်။