သင်္ကြန်ကာလအတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ချေရှိ

သင်္ကြန်ကာလအတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ချေရှိ
(ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ)

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာနိုင်ချေရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲ မိုးလေဝသတိုင်းထွာချက်များအရ ဧပြီလ ၁၆ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများ စုဆုံမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ဧပြီလ ၁၆ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်က မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်ကို ဧပြီလ ၉ ရက်နေ့က ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊စစ်ကိုင်းတိုင်းဒေသ ကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly