၂၁၀၀ ပြည့်နှစ်မတိုင်ခင် အာဖရိကဒေသမှာ ငှက်နှင့် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ထက်ဝက်ကျော်ကို ဆုံးရှုံးရနိုင်ချေရှိနေ

၂၁၀၀ ပြည့်နှစ်မတိုင်ခင် အာဖရိကဒေသမှာ ငှက်နှင့် နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း ထက်ဝက်ကျော်ကို ဆုံးရှုံးရနိုင်ချေရှိနေ

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေမှု၊ တောတောင်သစ်ပင်တွေကို အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းမှု တို့လိုမျိုး လူသားတို့ရဲ့ အဆင်အခြင်မဲ့ လုပ်ရပ်တွေကြောင့် လာမယ့် ၂၁၀၀ ပြည့်နှစ်မရောက်ခင်မှာပဲ အာဖရိကဒေသမှာ ရှိတဲ့ ငှက်နဲ့ နို့တိုက်သတ္တဝါ မျိုးစိတ်ပေါင်း တစ်ဝက်ကျော်လောက်ကို ဆုံးရှုံးရနိုင်ချေရှိနေပြီဖြစ်ကြောင်း ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ယနေ့ လက်ရှိအချိန်မှာလည်း ကမ္ဘာပေါ်က နေရာဒေသအားလုံးတိုင်းမှာလည်း လူတို့ရဲ့ မဆင်မခြင် ပြုမူလုပ်ဆောင်မှုတွေကြောင့် တိရိစ္ဆာန်နဲ့အပင်တွေ လျော့ကျဆုံးရှုံးနေရလျက်ရှိကြောင်း သိပ္ပံပညာရှင်ပေါင်း ၆၀၀ နီးပါး ပါ၀င်လုပ်ဆောင်ထားတဲ့ သက်ရှိ မျိုးစိတ်များလေ့လာမှု စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

၂၀၄၈ ခုနှစ်မရောက်ခင် ငါးမျိုးစိတ် သယံဇာတတွေ ခန်းခြောက်ကောင်း ခန်းခြောက်သွားနိုင်ပြီး အချိန်မှီ ကြိုတင်ပြင်ဆင်လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ အထူးသဖြင့် အာဖရိကဒေသမှာ လက်ရှိရှိနေတဲ့ ငှက်နဲ့ နို့တိုက်သတ္တဝါ မျိုးစိတ် တစ်ဝက်လောက်ကို ၂၁၀၀ မတိုင်ခင် ဆုံးရှုံးသွားရနိုင်တယ်ဆိုပြီး ကိုလံဘီယာနိုင်ငံမှာ မယ်ဒယ်လိန် (Medellin) မြို့မှာ ထုတ်ပြန်သွားတဲ့ စစ်တမ်းလေ့လာချက် လေးစောင်မှာ ဖော်ပြထားပါတယ်။

လေ့လာချက်တွေအရ အာရှ-ပစိဖိတ်ဒေသက သန္တာကျောက်တန်း ၉၀ ရာခိုင်နှုန်းလောက် လာမယ့် ၂၀၅၀ ပြည့်နှစ်မတိုင်ခင် ပြင်းထန်တဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပြီး တစ်ချိန်တည်းမှာလည်းပဲ ဥရောပနဲ့ ဗဟိုအာရှဒေသတို့မှာ ငါးကောင်ရေ သုံးပုံ ပုံတစ်ပုံနီးပါးလောက်နဲ့အတူ ကုန်းနေ တိရိစ္ဆာန်နဲ့ အပင် ၄၂ ရာခိုင်နှုန်းတို့ လျော့ကျသွားနိုင်ကြောင်း သိရပါတယ်။

" ခုလို စိုးရိမ်ရတဲ့ အခြေအနေတွေကတော့ ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေ၊ အစားအသောက် ဖူလုံမှု၊ လူသားတို့ရဲ့ ဘဝနေထိုင်မှု အရည်အသွေးတို့အပေါ် အန္တရာယ်ဘေးသင့်စေနေပြီ ဖြစ်ပါတယ်" ဆိုပြီး ဇီဝမျိုးကွဲနဲ့ ဂေဟစနစ်ဆိုင်ရာ သိပ္ပံ မူဝါဒ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ IPBES က သတိပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly