အက်ဒဲလ်နှင့် ရော့ခ်တေးဂီတအဖွဲ့ Coldplay တို့၏ တေးသီချင်း အယ်လ်ဘမ် များဆောင်းဦး ရာသီတွင် ထုတ်ဝေသွားမည်

အက်ဒဲလ်နှင့် ရော့ခ်တေးဂီတအဖွဲ့ Coldplay တို့၏ တေးသီချင်း အယ်လ်ဘမ် များဆောင်းဦး ရာသီတွင် ထုတ်ဝေသွားမည်

ဗြိတိန်အဆိုတော် အက်ဒဲလ်နှင့် ရော့ခ်တေးဂီတ အဖွဲ့တို့သည် ၎င်းတို့၏ တေးသီချင်းအယ်လ် ဘမ်သစ်များကို ဆောင်းဦးရာသီတွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အက်ဒဲလ် နှင့်  Coldplay ရော့ခ်တေးဂီတ အဖွဲ့တို့သည် ၎င်းတို့၏ တေးသီချင်း အယ်လ်ဘမ် သစ်များ ထုတ်ဝေမည်အကြောင်းကို Rolling Stone မဂ္ဂဇင်းတွင် Must – Hear Fall Albums ခေါင်း စဉ်ဖြင့်ဖော်ပြထားသည်။

Coldplay ရော့ခ်တေးဂီတအဖွဲ့သည် ၂၀၁၄ ခုနှစ် မေလ ၎င်းတို့၏ နောက်ဆုံး တေးသီချင်း အယ်လ်ဘမ် Ghost Stories ကို ထုတ်ဝေခဲ့ပြီး အက်ဒဲလ်သည် ၂၀၁၁ ခုနှစ် 21 တေးသီချင်းအယ်လ် ဘမ် ထွက်ရှိခဲ့သည်။

၂၀၁၁ က ထွက်ရှိခဲ့သော အက်ဒ်လဲ၏ 21 တေးသီချင်း အယ်လ်ဘမ်သည် ဗြိတိန် တေးဂီတ ဇယား သမိုင်းတွင် စတုတ္ထမြောက် ရောင်းအားအကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်ဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်း ရှိတေးဂီတဇယားတွင် ရောင်းအားအကောင်းဆုံးး တေးသီချင်းအယ်လ်ဘမ် ဖြစ်ခဲ့သည်။

Coldplay တေးဂီတအဖွဲ့သည် ၎င်းတို့၏ သတ္တမမြောက် တေးသီချင်း အယ်လ်ဘမ်ကို Head Full of Dream ဟု နာမည်ပေးထားကြောင်း  ယခင်က ထုတ်ပြန် ကြေညာခဲ့သည်။

“ ဒီခွေဟာ ကျွန်တော်တို့အဖွဲ့ရဲ့ သတ္တမမြောက်ခွေ ဖြစ်မှာပါ။ ဒီခွေဟာ နောက်ဆုံးထွက်ရှိ ထားတဲ့ ဟယ်ရီပေါ်တာ စာအုပ်လိုမျိုးပေါ့။ ကျွန်တော် ထင်ပါတယ်၊ ဒါဟာ ကျွန်တော်တို့အဖွဲ့ရဲ့ နောက်ဆုံး အခွေ ဖြစ်လာမှာပါ” ဟ ုအဖွဲ့ခေါင်းဆောင် မာတင်က BBC Radio 1 ကို ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အဖွဲ့ခေါင်းဆောင် ခရစ်မာတင်၏ ပြောကြားမှုများကြောင့် ယင်း တေးသီချင်း အယ်လ်ဘမ်သည် ၎င်းတို့အဖွဲ့၏ နောက်ဆုံး တေးသီချင်း အယ်လ်ဘမ်အဖြစ် ကောလာ ဟလများ ထွက်ပေါ်ခဲ့သည်။ အက်ဒဲလ်၏ တေးသီချင်း အယ်လ်ဘမ်သစ်ကို 25 ဟု အမည်ပေးထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly