စိတ်ကြွစိတ်ကျရောဂါ ခံစားနေရသည့် သူမ၏ အခြေအနေကို မာရီယာကာရေးဖွင့်ဟ

စိတ်ကြွစိတ်ကျရောဂါ ခံစားနေရသည့် သူမ၏ အခြေအနေကို မာရီယာကာရေးဖွင့်ဟ

အမေရိကန်နာမည်ကြီးအဆိုတော် မာရီယာကာရေးသည် စိတ်ကြွစိတ်ကျရောဂါဝေဒနာကို ၁၇ နှစ်ခန့် ကြာအောင် ခုခံရင်ဆိုင်နေရသည့် သူမ၏အခြေအနေနှင့်ပက်သက်၍ ပထမဦးဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောဆို ခဲ့သည်။

သူမသည် ထိုရောဂါကို လွန်ခဲ့သော ၂၀၀၁ ခုနှစ်မှစတင်၍ ခံစားခဲ့ရခြင်းဖြစ်ပြီး ဆေးရုံသို့တက်ရသည်အထိပါ အခြေအနေဆိုးရွားခဲ့ကြောင်း People မဂ္ဂဇင်းသို့ ပြောခဲ့သည်။

ကမ္ဘာတစ်ဝန်း အယ်လ်ဘမ်အချပ်ရေ သန်း ၂၀၀ ခန့်ရောင်းချနိုင်ခဲ့သည့် နာမည်ကြီးအဆိုတော် ကာရေးက သူမသည် မကြာသေးခင်ကမှ ဆေးကုသမှုကို စတင်ခံယူခဲ့ခြင်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။

“ကျမကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲဆုံးသောကာလတွေကြောင့် ကျမ အဲ့ဒီရောဂါခံစားခဲ့ရတာပါ” ဟုလည်း သူမက စိတ်ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကိုလည်း ပြောခဲ့သည်။

“ကျမ ဆေးကုသမှုခံယူခဲ့ပါတယ်။ အပြုသဘောဆောင်တဲ့သူတွေကိုပဲ ကျမအနားမှာထားပါတယ်။ ပြီးတော့ ကျမနှစ်သက်တဲ့အရာတွေကို လုပ်ပါတယ်။ သီချင်းရေးတာမျိုး၊ ဂီတအနုပညာတွေ ဖန်တီးတာမျိုးတို့ပေါ့” ဟု ကာရေးက သူမ၏ ကုသမှုနှင့်ပက်သက်၍ ပြောဆိုခဲ့သည်။

ဒါ့အပြင် ကာရေးက သူမသည် ယခုအခါတွင် စိတ်ကြွစိတ်ကျရောဂါအတွက် ကုထုံးများနှင့် ဆေးဝါးများကို စတင်အသုံးပြုနေပြီဖြစ်ကြောင်းနှင့် ထိုရောဂါသည် သူမကို စိတ်ဓာတ်ကျဆင်းမှုနှင့် အိပ်မပျော်သော ဝေဒနာ များကို ခံစားရစေခဲ့ကြောင်း ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly