ကမ္ဘာ့ဖလားနှစ် ၁၀၀ ပြည့်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရဖို့ကြိုးစားပေးမယ့် မက်ဆီ

ကမ္ဘာ့ဖလားနှစ် ၁၀၀ ပြည့်ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရဖို့ကြိုးစားပေးမယ့် မက်ဆီ

 

၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပါရာဂွေးတို့ပူးတွဲလက်ခံကျင်းပနိုင်ဖို့အတွက် ကြယ်ပွင့်ကစားသမားတွေ ဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ကလည်း ကူညီပေးကြလိမ့်မယ်လို့ ပြိုင်ပွဲလက်ခံကျင်းပနိုင်ရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းက ပြောပါတယ်။

“ဒီကြိုးပမ်းမှုမှာ ကျွန်တော်တို့နဲ့အတူ မက်ဆီးလည်း ပူးပေါင်းပါဝင်မှာပါ။ ဆွာရက်ဇ်လည်း သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို မက်ဆီ့ကိုပြောပြခဲ့ပြီး သူကလည်းလုပ်သင့်တယ်လို့ ယူဆနေပါတယ်”လို့ ပြိုင်ပွဲလက်ခံကျင်းပနိုင်ရေး ကြိုးပမ်းနေတဲ့ ဖာနန်ဒို မာရင်က ပြောပါတယ်။

အာဂျင်တီးနားအားကစားဝန်ကြီး မက်အလီဆက်တာကလည်း ကမ္ဘာ့ဖလားအကောင်းဆုံးဆု ငါးကြိမ်ရထားတဲ့ မက်ဆီအပြင် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ကူညီပေးမယ်ဆိုတာကို သိစေချင်ကြောင်းနဲ့ များစွာအထောက်အကူဖြစ်စေမှာဖြစ် ကြောင်း ပြောပါတယ်။

ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ ဥရုဂွေးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ဗိုလ်လုပွဲမှာ အိမ်ရှင်အသင်းက အာဂျင်တီးနားကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

အဲဒီတုန်းကပြိုင်ပွဲဝင်အသင်း ၁၃ သင်းထဲမှာ ပါရာဂွေးအသင်းလည်း ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ပြိုင်ပွဲဝင် ၃၂ သင်းထိရှိလာရာက ၂၀၂၆ မှာဆိုရင် ၄၈ သင်းထိ ရှိလာတော့မှာပါ။

ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ၂၀၂၂ ပြိုင်ပွဲကိုတော့ ကာတာနိုင်ငံက လက်ခံကျင်းပမှာဖြစ်ပါတယ်။ ၂၀၂၆ ပြိုင်ပွဲအတွက် အိမ်ရှင်ကိုတော့ ရွေးချယ်ရခြင်းမရှိသေးပါဘူး။ ၂၀၃၀ ခုနှစ်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ နှစ် ၁၀၀ ပြည့်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly