Mulan ရုပ်ရှင်ဇာတ်ကား၌ ပါ၀င်သရုပ်ဆောင်ရန် ဒွန်နီယန်းရွေးချယ်ခံရ

Mulan ရုပ်ရှင်ဇာတ်ကား၌ ပါ၀င်သရုပ်ဆောင်ရန် ဒွန်နီယန်းရွေးချယ်ခံရ

ဒစ္စနေးစတူဒီယိုမှ  မုလန် ကာတွန်းဇာတ်လမ်းကို လူနှင့်အသက်သွင်းရိုက်ကူးမည့် Mulan ရုပ်ရှင်ဇာတ်ကား၌ အဓိကမင်းသမီး လုယီဖေးနှင့်အတူ အပြိုင်သရုပ်ဆောင်မည့် မင်းသားနေရာအတွက် နာမည်ကြီးဟောင်ကောင် မင်းသား ဒွန်နီယန်း အရွေးချယ်ခံခဲ့ရသည်။

ဒါရိုက်တာနီကီကာရို ရိုက်ကူးမည့် ယင်းဇာတ်ကားကို ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ရုံတင်ပြသသွားရန် ပြင်ဆင်ထားပြီး နဂိုခန့်မှန်းထားသည်ထက် တစ်နှစ်ခန့်နောက်ဆုတ်လိုက်ရကြောင်း သိရသည်။

လွန်ခဲ့သော ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့သည့် အင်္ဂလိပ်ဘာသာစကားပြော Mulan ကာတွန်းဇာတ်လမ်းတွင် မင်နာဝမ်၊ အက်ဒီမာဖီ၊ မီဂွယ်ဖာရာ၊ ဘီဒီဝေါင် တို့က နောက်ခံစကားပြောနေရာမှ ပါ၀င်ခဲ့ကြပြီး တရုတ်ဘာသာ စကားပြော Mulan အတွက်ကိုမူ ဂျက်ကီချန်းက နောက်ခံစကားပြောပေးခဲ့သည်။

Mulan ကာတွန်းဇာတ်လမ်းသည် ထိုခေတ်ထိုအခါက ကမ္ဘာတစ်ဝန်းမှ ရုံဝင်ငွေ ၃၀၄.၃ သန်း ရရှိခဲ့သည်အထိ အောင်မြင်ခဲ့သောကြောင့် ယခုလိုလူနှင့်အသက်သွင်းရိုက်ကူးမည့် ဇာတ်ကားမှာလည်း ယင်းစံချိန်ကို လိုက်မှီ နိုင်ပါ့မလားဟု အမျိုးမျိုးခန့်မှန်းနေကြသည်။

ဒွန်နီယန်းသည် ဒစ္စနေးမှထုတ်လုပ်သော “Rogue One: A Star Wars Story” ၌ပါ၀င်သရုပ်ဆောင်ခဲ့ဖူးသည့် အတွက် ဟောလိ၀ုဒ်ရုပ်ရှင်အတွေ့အကြံုများ ရရှိထားသူဖြစ်သည်။ ဒွန်နီယန်းသည် IP Man ဇာတ်ကားများ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၌ ပါ၀င်သရုပ်ဆောင်ခဲ့သူဖြစ်ပြီး အာရှ၏နာမည်ကြီးမင်းသားတစ်လက် ဖြစ်သည်။

လက်ရှိအချိန်တွင် သူသည် Ip Man 4 အတွက် ရုပ်ရှင်ရိုက်ကူးမှုများ စတင်နေပြီဟု သိရသည်။

 Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly