ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံ
ဓာတ်ပုံ-AFP

ဧပြီ ၁၁ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေလျက်ရှိသည့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Cox's Bazar နယ်စပ်မြို့အနီး Kutapalong ဒုက္ခသည်ကမ့်စခန်းရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါ ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို မြန်မာအစိုးရဘက်က တရားဝင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ရောက်ရှိလာသူများအဖြစ်သာ သတ်မှတ်ထားခြင်းအပေါ် ၎င်းတို့ဘက်က များစွာ စိတ်ပျက်နေလျက်ရှိကြောင်း ဘင်္ဂါလီ ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သည့် Syed Ullah က ပြောသွားသည်။

ယခု ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ပြီးခဲ့သည့် ကာလ ဘင်္ဂါလီဒုက္ခသည်အကျပ်အတည်းကိစ္စဖြစ်ပြီး ပထမဆုံးအကြိမ် ဒုက္ခသည်စခန်းများသို့ သွားရောက်သည့်ခရီးစဉ်လည်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး၏ ယင်းခရီးစဉ်အတွင်း ဒုက္ခသည် လူစုတစ်စုက ကန့်ကွက်ဆန္ဒပြရန် ကြိုးပမ်းခဲ့သေးကြောင်း သိရသည်။

ဘင်္ဂါလီ (ရိုဟင်ဂျာ) များဘက်မှ တောင်းဆိုသည့် အချက်အလက်များကို စာရင်းပြုထားသည့် စာတန်းတစ်ခုကို ကိုင်ဆောင်ဆန္ဒပြရန် ကြိုးစားခဲ့သည့် အုပ်စုတစ်ခုကို တားမြစ်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စုဝန်ကြီးသည် ဘင်္ဂါလီအစုအဖွဲ့မှ ခေါင်းဆောင် အယောက် ၃၀ နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါဒုက္ခသည်စခန်း၏ အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ၎င်းအား ရှင်းလင်းတင်ပြခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly