တရုတ်ပေါလစ်ဗျူရိုအဖွဲ့ဟောင်းတစ်ဦးအား လာဘ်စားမှုဖြင့် စစ်ဆေးနေ

တရုတ်ပေါလစ်ဗျူရိုအဖွဲ့ဟောင်းတစ်ဦးအား လာဘ်စားမှုဖြင့် စစ်ဆေးနေ

ပေကျင်း၊ ဧပြီ ၁၂ ။                 ။ တရုတ်ခေါင်းဆောင်ပိုင်းနေရာအတွက် တစ်ချိန်က တစ်ပြေးခဲ့သူ ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူကို  လာဘ်စားမှုဖြင့် ဧပြီ ၁၂ ရက်တွင် တရားစွဲဆိုစစ်ဆေးသည်။

သမ္မတ ရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးလုပ်ငန်းစဉ်အတွင်း နောက်ဆုံးပစ်မှတ်ထားဆောင်ရွက်ချက်တစ်ရပ်လည်း ဖြစ်သည်။

ပေါလစ်ဗျူရိုအဖွဲ့ဝင်ဟောင်းနှင့် အနောက်တောင်ပိုင်း ချောင်ကင်းမြို့ကြီး၏ ပါတီအကြီးအကဲဖြစ်သူ ဆန်ကျန်းစီယာကို အစိုးရရှေ့နေများက ရာထူးနေရာကို အသုံးချကာ ငွေနှင့် ပစ္စည်းများ အမြောက်အမြား လာဘ်ယူသည်ဟု စွဲဆိုထားခြင်း ဖြစ်သည်။

အဆိိုပါ စွဲဆိုချက်ကို ဆန်က မငြင်းဆန်ကြောင်း တရားရုံးက ပြောသည်။

အသက် ၅၄ နှစ်ရှိ ဆန်သည် ပေါလစ်ဗျူရိုထိပ်ပိုင်းအဖွဲ့ဝင်အဖြစ် ရာထူးတိုးမြှင့်ပေးရန် နာမည်ပေးခံရသူတစ်ဦးဖြစ်ခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်သော သမ္မတ ရှီကျင့်ဖျင် သဘာပတိမူသည့် ခုနစ်ဦးပါ အမြဲတမ်းကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။

အသက် အငယ်ဆုံး ပေါလစ်ဗျူရိုအဖွဲ့ဝင်လည်း ဖြစ်၍ ဆန်ကို သမ္မတ ရှီကျင့်ဖျင်၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ်လည်း ရှုမြင်မှုများ ရှိထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required