အစ္စရေး၏ စိတ်ဓာတ်ကို မစမ်းနှင့်ဟု အီရန်ကို နေတန်ယာဟု သတိပေး

အစ္စရေး၏ စိတ်ဓာတ်ကို မစမ်းနှင့်ဟု အီရန်ကို နေတန်ယာဟု သတိပေး

 

ဂျေရုဆလင်၊ ဧပြီ ၁၂ ။                            ။ အီရန်နိုင်ငံအနေဖြင့် အစ္စရေး၏ စိတ်ဓာတ်ကို မစမ်းသပ်ရန် ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟိုလိုကော့စ်အမှတ်တရ မိန့်ခွန်းပြောဆိုမှုတွင် ထည့်သွင်းပြောကြားသည်။

ဂျေရုဆလင်ရှိ Yad Vashem ဟိုလိုကော့စ် အထိမ်းအမှတ်အဆောက်အအုံတွင် ကျင်းပသည့် ပွဲ၌ နေတန်ယာဟုက လူသတ်နာဇီတို့၏ ကျုးကျော်မှုနှင့် ပတ်သက်ပြီး ပြောကြားခြင်း ဖြစ်သည်။

“ဒီကနေ့မှာလည်း ကျွန်တော်တို့့ကို ပစ်မှတ်ထားနေတဲ့ အစွန်းရောက်အစိုးရတွေ ရှိတယ်။ တစ်ကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက််နေတယ်။”ဟု အီရန်အကြောင်းနှင့် ပတ်သက်ပြီး နေတန်ယာဟုက ပြောသည်။

“ဒီအစိုးရဟာ ကျွန်တော်တို့ကို၊ ဂျူးနိုင်ငံတော်ကို  ဖျက်ဆီးပစ်ဖို့ အတိအလင်းလည်း ကြေညာထားတယ်။”ဟု ၎င်းက ဆိုသည်။

“အီရန်က ခေါင်းဆောင်တွေကို ကျွန်တော် သတင်းစကားပါးမယ်။ အစ္စရေးရဲ့ စိတ်ဓာတ်ကို လာမစမ်းပါနဲ့။”ဟု နေတန်ယာဟုက ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required