ဂျူဗီတပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးမှတ်တမ်းများ

ဂျူဗီတပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးမှတ်တမ်းများ
(ဓာတ်ပုံ - အီးပီအေ)

လက်ရှိ Ballon d'Or ဆုပိုင်ရှင် စီရော်နယ်လ်ဒိုဟာ နောက်တစ်ကြိမ် အကောင်းဆုံးကစားသမားဖြစ်ဖို့ သူ့ကိုယ်သူ သက်သေပြခဲ့ပြီး အပြင်းထန်ဆုံးဖိအားတွေအောက်ကနေ သူရဲ့အသင်းကို နောက်တစ်ဆင့်ကို ဆွဲတင်ပေးခဲ့ပြန်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာ အင်္ဂါနေ့က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရတဲ့ ဘာစီလိုနာနဲ့ ၁၅ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဆိုးရွားတဲ့ ရာသီတစ်ခုလို့ ပြောလို့ရပါတယ်။

ရီးယဲလ်အသင်းဟာ ဂျူဗီတပ်စ်အသင်းကို နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ၈ ရာသီဆက် တက်ရောက်နိုင်ခဲ့တာပါ။ ဒါ့ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ရီးယဲလ်အသင်းရဲ့ ဒီရာသီ တစ်ခုတည်းသော အဓိကဆုဖလား မျှော်လင့်ချက်ဖြစ်ပါတယ်။ 

ရော်နယ်လ်ဒိုဟာ ဂျူဗီတပ်စ်အသင်းနဲ့ပွဲက ပင်နယ်တီဂိုးဖြင့် ဒီရာသီ သူ့ရဲ့ အ့ံသြစရာကောင်းလောက်တဲ့ ဂိုးသွင်းပုံစံကောင်းကို ဆက်လက် တိုးမြှင့်ခဲ့ပါတယ်။

အခုဆိုရင်တော့ သူဟာ

  • ရီးယဲလ်အသင်းအတွက် ၁၁ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့သူ။
  • ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပြီးခဲ့တဲ့ ၁၄ ပွဲမှာ စုစုပေါင်း ၂၇ ဂိုး သွင်းယူသူ။
  • ဒီရာသီ ၃၈ ပွဲကစားရာမှာ ၄၂ ဂိုးထိ သွင်းထားသူ။
  • ချန်ပီယံလိဂ်ပြိုင်ပွဲပေါင်း ၁၅၀ မှာ ဂိုး ၁၂၀ သွင်းယူထားနိုင်တဲ့သူ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required