ဘာစီလိုနာအသင်း ဖလားရခဲ့ရင် ကွင်းထဲမှာ လက်ခုပ်တီးကြိုဆိုမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ဇီဒန်း

ဘာစီလိုနာအသင်း ဖလားရခဲ့ရင် ကွင်းထဲမှာ လက်ခုပ်တီးကြိုဆိုမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့ ဇီဒန်း
 

 

ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘာစီလိုနာအသင်းသာ လာလီဂါဖလားရခဲ့ရင် နှစ်သင်းတွေ့ဆုံတဲ့အခါ ကွင်းထဲမှာ စောင့်ကြိုပြီး လက်ခုပ်တီးကြိုဆိုနေမှာ မဟုတ်ဘူးလို့ ဇီဒန်းက ပြောဆိုလိုက်ပါတယ်။

လာလီဂါပြိုင်ပွဲပြီးဆုံးဖို့ ရ ပွဲလိုသေးပေမယ့် ဘာစီလိုနာအသင်းဟာ အနီးစပ်ဆုံးပြိုင်ဘက် အက်သလက်တီကိုအသင်းကို ၁၁ မှတ်ဖြတ်ထားနိုင်တာကြောင့် ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပါတယ်။

ရီးယဲလ်မက်ဒရစ်ကတော့ ဘာစီလိုနာနဲ့ ၁၅ မှတ်ကွာဟပြီး အဆင့် ၄ နေရာကိုရောက်နေလို့ ချန်ပီယံဖြစ်ဖို့ မလွယ်တော့ပါဘူး။ ဒီနှစ်သင်းဟာ မေလဆန်းပိုင်းမှာ အယ်ကလက်ဆီကို ဒါဘီပွဲစဉ်အဖြစ် ဘာစီလိုနာကွင်းမှာ ထိပ်တိုက်တွေ့ဆုံရဖို့ရှိနေပါတယ်။

ဒီနှစ်သင်းဟာ ခါးသီးပြိုင်ဘက်တွေဖြစ်တာနဲ့အညီ ထိပ်တိုက်တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကတော့ ဘာစီလိုနာအသင်းဟာ ချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်းကြီးထဲမှာ လက်ခုပ်တီး ကြိုဆိုခဲ့တဲ့အဖြစ်အပျက်ဟာ နာမည်ကျော်ခဲ့ဖူးပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းကတော့ “ဒါနဲ့ပတ်သက်ပြီး သိပ်မကြာခင်ကမှ အမေးခံရဖူးပြီး အဖြေကလည်း သိပ်ရှင်းပါတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်သာ အတည်ပါ။

လက်ခုပ်တီးကြိုဆိုတဲ့ပုံစံကို ကျွန်တော်နားမလည်မပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မလုပ်ပါဘူး။ ဘာစီလိုနာက အစဉ်အလာကို ချိုးဖောက်ခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly