စပိုင်ဒရာမာဇာတ်လမ်းတွဲ၌ ရှင်ဆန်ရော့ခ်နှင့်အတူ ဦးဆောင်ပါ၀င်ရန် လီဆန်ဂီဆွေးနွေး

စပိုင်ဒရာမာဇာတ်လမ်းတွဲ၌ ရှင်ဆန်ရော့ခ်နှင့်အတူ ဦးဆောင်ပါ၀င်ရန် လီဆန်ဂီဆွေးနွေး

တောင်ကိုရီးယားမှ နာမည်ကြီးမင်းသားတစ်လက်ဖြစ်သော လီဆန်ဂီသည် မကြာသေးခင်ကထွက်ရှိခဲ့သော A Korean Odyssey ဇာတ်လမ်းတွဲနှင့်အတူ အောင်မြင်မှုများရရှိခဲ့ပြီးနောက်တွင် ဒရာမာဇာတ်လမ်းတွဲအသစ် တစ်ခု၌ ပါ၀င်သရုပ်ဆောင်သွားရန် ဆွေးနွေးလျက်ရှိသည်။

ဧပြီလ ၁၁ ရက်နေ့တွင် လီဆန်ဂီ၏အေဂျင်စီက “Vagabond ဆိုတဲ့ ဒရာမာဇာတ်လမ်းမှာ ပါ၀င်သရုပ်ဆောင်ဖို့ သူ့ကိုကမ်းလှမ်းထားတယ်ဆိုတာ အမှန်ပါပဲ။ အခုတော့ ဆွေးနွေးနေတုန်းပဲဖြစ်ပြီး ဘာမှတော့ အတည်ပြုလို့ မရသေးပါဘူး။ ကျနော်တို့ဒီကိစ္စကို ဖေဖေါ်ဝါရီလကတည်းက ဆွေးနွေးနေခဲ့တာပါ။ ဘာမှတော့ မဆုံးဖြတ်ရ သေးပါဘူး” ဟု Xsportsnews သို့ ပြောကြားခဲ့သည်။

လီဆန်ဂီသည် အဆိုပါဇာတ်လမ်းတွဲထဲ၌ လေယာဉ်ပျက်ကျမှုဖြစ်စဉ်တစ်ခု၏ နောက်ကွယ်မှအမှန်တရားကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းနေသည့် စတန့်သမားတစ်ဦးအဖြစ် သရုပ်ဆောင်ရန် ဆွေးနွေးနေခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲတွင် အမျိုးသားထောက်လှမ်းရေးအေဂျင်စီမှ အဖွဲ့ခေါင်းဆောင် ကီတေးဝေါင်အဖြစ် မင်းသား ရှင်ဆန်ရော့ခ်က သရုပ်ဆောင်ရန် အတည်ပြုခဲ့ပြီးပြီဖြစ်သည်။

Vagabond သည် လေယာဉ်ပျက်ကျမှုစုံစမ်းစစ်ဆေးမှုအတွင်း ပါ၀င်ပက်သက်မိပြီး နိုင်ငံ၏အကျင့်ပျက်ခြစားမှု ကို ထုတ်ဖော်တူးဆွမည့် သာမန်အမျိုးသားတစ်ဦး၏အကြောင်းကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ပြီး ၂၀၁၈ နှစ်လယ်ပိုင်းလောက်တွင် ပြသသွားရန်စီစဉ်ထားကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly