ထိုင်ဝမ်မင်းသား ဒါရန်ဝမ်နှင့် ကန်ဟန်နာတို့ ချစ်သူများဖြစ်နေပြီဟု ကောလဟာလများထွက်ပေါ်

ထိုင်ဝမ်မင်းသား ဒါရန်ဝမ်နှင့် ကန်ဟန်နာတို့ ချစ်သူများဖြစ်နေပြီဟု ကောလဟာလများထွက်ပေါ်

တောင်ကိုရီးယားမင်းသမီး ကန်ဟန်နာသည် ထိုင်ဝမ်နာမည်ကြီးမင်းသားတစ်ဦးဖြစ်သော ဒါရန်ဝမ်နှင့် ချစ်သူများဖြစ်နေပြီဆိုသော ကောလဟာလသတင်းများ မကြာသေးခင်က ထွက်ပေါ်လာခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်မီဒီယာအများအပြားက ၄င်းတို့သည် ကန်ဟန်နာနှင့် ဒါရန်ဝမ်တို့ကို နာမည်ကြီး ငါးစျေးတစ်ခုထဲ၌ အတူတကွမြင်တွေ့လိုက်ရသည်ဟု ဖော်ပြခဲ့ကြသည်။ သတင်းထောက်များကို တွေ့မြင်ချိန် တွင် သူတို့နှစ်ဦးသည် ဒါရန်ဝမ်၏ ကားထဲသို့ ၀င်ပြေးသွားခဲ့ကြောင်းနှင့် သတင်းထောက်များက သူတို့နောက်ကို လိုက်စဉ်တွင် ကားကိုအရှိန်မြှင့်တင်၍ မောင်းပြေးသွားခဲ့သည်ဟုလည်း အသီးသီးဖော်ပြခဲ့ကြသည်။

ထိုသို့ဖော်ပြချက်များနှင့် ပတ်သက်၍ ကန်ဟန်နာ၏အေဂျင်စီ Fantagio က ဒါရန်ဝမ်နှင့် ကန်ဟန်နာတို့သည် ဒရာမာဇာတ်လမ်းတွဲတစ်ခုကို အတူရိုက်ကူးပြီးနောက် အလွန်ရင်းနှီးသောမိတ်ဆွေများ ဖြစ်သွားခဲ့ကြောင်း Xsportnews သို့ ပြောခဲ့သည်။

“သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီဆိုတဲ့ ကောလဟာလတွေက မမှန်ပါဘူး။ သူတို့နှစ်ဦးဟာ ငါးစျေးကို အခြား သူငယ်ချင်းတွေနဲ့အတူတူသွားခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ဦးတည်းကိုပဲ ကွက်ပြီးတော့ ဓာတ်ပုံရိုက်ပြီး ဖော်ပြ ခဲ့ကြတာပါ” ဟု Fantagio အေဂျင်စီက ဆိုခဲ့သည်။

ယခုအကြိမ်သည် ကန်ဟန်နာနှင့် ဒါရန်ဝမ်တို့ ချစ်သူများဖြစ်နေပြီဟု ဒုတိယအကြိမ်မြောက် ဖော်ပြခဲ့ရခြင်းဖြစ် သည်။ ပြီးခဲ့သောနှစ်ကလည်း သူတို့နှစ်ဦးကို ဂျပန်နိုင်ငံရှိ အပန်းဖြေအားကစားကွင်း၌ အတူတကွမြင်တွေ့ခဲ့ရ ဖူးပြီး ကန်ဟန်နာ၏အေဂျင်စီက သူတို့နှစ်ဦးသည် အခြားသူငယ်ချင်းများနှင့်အတူ ပျော်ပွဲစားထွက်ခဲ့ခြင်းဖြစ် သည်ဟု ရှင်းလင်းပြောဆိုခဲ့ဖူးသည်။

ကန်ဟန်နာနှင့် ဒါရန်ဝမ်တို့သည် တရုတ်ဒရာမာဇာတ်လမ်းတွဲ Ghost Blows Out the Light ကို ရိုက်ကူးစဉ် တွင် စတင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly