အင်းဒင်ကျေးရွာလူသတ်မှု အရာရှိနှင့် အခြားအဆင့်များ တပ်မှထုတ်ပယ်ပြီး ထောင်ဆယ်နှစ်ချ

အင်းဒင်ကျေးရွာလူသတ်မှု အရာရှိနှင့် အခြားအဆင့်များ တပ်မှထုတ်ပယ်ပြီး ထောင်ဆယ်နှစ်ချ
ဓာတ်ပုံ-အင်းဒင်စခန်းအား ဇန်နဝါရီလ ပထမပတ်က တွေ့မြင်ရစဉ်။

ရန်ကုန်၊ ဧပြီ ၁၁ ။                     ။ ရခိုင်ပြည်နယ် မောင်တောအင်းဒင်ကျေးရွာက ဘင်္ဂါလီ ဆယ်ဦးအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် တပ်မတော် အရာရှိ လေးဦး နှင့် အခြားအဆင့် သုံးဦးတို့အား တပ်မတော်မှ ထုတ်ပယ်ပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ဆယ်နှစ် အား နယ်ဘက်အကျဉ်းထောင်များတွင် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ဥပဒေမဲ့ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

"ဌာနေတိုင်းရင်းသားများ၏ စိတ်ခံစားနာကြည်းချက်အပေါ် အခြေခံ၍ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်း" ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးက ရေးသားထုတ်ပြန်ထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည်ဟု သံသယရှိခြင်းခံရသူ ဘင်္ဂါလီ ဆယ်ဦးအား ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်မှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ လုံခြံုရေးတပ်ဖွဲ့ဝင်များက ဥပဒေမဲ့သတ်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly