ပထမအကျော့ ၄-၁ ဂိုးအရှုံးကနေ ရိုးမားအသင်း ပြန်လာနိုင်ခဲ့ပြီး ဘာစီလိုနာကို ဖြုတ်ချ၊ ၁၀ နှစ်အကြာမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်

ပထမအကျော့ ၄-၁ ဂိုးအရှုံးကနေ ရိုးမားအသင်း ပြန်လာနိုင်ခဲ့ပြီး ဘာစီလိုနာကို ဖြုတ်ချ၊ ၁၀ နှစ်အကြာမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို အင်္ဂါနေ့က ကစားခဲ့ရာမှာတော့ ရိုးမားအသင်းက ချန်ပီယံလိဂ်ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် ကျော်ဖြတ်နိုင်ခဲ့ပြီး လီဗာပူးလ်က မန်စီးတီးကို အဝေးကွင်းမှာ ထပ်မံအနိုင်ယူခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ရိုးမား ၃-၀ ဘာစီလိုနာ
ဒီဇက်ကို ၆ မိနစ်
ဒီရော့ဆီ ၅၈ မိနစ် (P)
မာနိုလက်စ် ၈၂ မိနစ်

ရိုမားအသင်းဟာ ဘာစီလိုနာကို ၃-၀ ဂိုးဆိုတဲ့ အနိုင်ရလဒ်တဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်ခဲ့ပြီး  အဝေးဂိုးစည်းမျဉ်းဖြင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိသွားပါတယ်။

ပထမအကျော့ရလဒ် ၄-၁ ဂိုးအရ နောက်တစ်ဆင့်တက်ဖို့ အားသားတဲ့ ဘာစီလိုနာအသင်းဟာ ရိုးမားရဲ့ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည်ကြောင့် ကျဆုံးခဲ့ပါတယ်။

နောက်ခံလူ မာနိုလက်စ်ဟာ ရိုးမားအတွက် အရေးပါတဲ့ တတိယဂိုးကို ပွဲပြီးဖို့ ၈ မိနစ်ကျရှိချိန်မှာ ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဒီဇက်ကိုက ပွဲအစောပိုင်း သွင်းဂိုးဖြင့် ရိုးမားရဲ့ မျှော်လင့်ချက်ကို ပေးခဲ့ပြီး ဒီရော့ဆီက ဒုတိယပိုင်းမှာ ပင်နယ်တီကတစ်ဆင့် နောက်ထပ်တစ်ဂိုး သွင်းပေးခဲ့ပါတယ်။

ရိုမားအသင်းဟာ ချန်ပီယံလိဂ်သမိုင်းကြောင်းတစ်လျှောက် ပထမအကျော့ ၃ ဂိုးအထက် ရှုံးနိမ့်ရာမှ ပြန်လာနိုင်တဲ့ ၃ သင်းမြောက်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ပြန်လာနိုင်တဲ့ နှစ်သင်းကတော့ ၂၀၀၄ ခုနှစ်က ဒီပို့တီဗို Vs အေစီမီလန် (ဒီပို့တီဗိုတက်)၊ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ Vs ပီအက်စ်ဂျီ (ဘာစီလိုနာ တက်) တို့ဖြစ်ပါတယ်။

မန်စီးတီး ၁-၂ လီဗာပူးလ်
ဂျီးဆပ် ၂ မိနစ် - ဆာလက် ၅၆ မိနစ်၊ ဖာမီနို ရ၇ မိနစ်

လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းက ပထမပိုင်းရှုံးနိမ့်နေရာမှ ပြန်လာကာ နှစ်ကျော့ပေါင်း ရလဒ် ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ၁၀ နှစ်အကြာမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

စီးတီးဟာ ပထမအကျော့ ၃-၀ ဂိုးဆိုတဲ့ အရှုံးကို ပြန်လည်ချေဖျက်ဖို့ ကြိုးစားမှုက ပထမပိုင်းမှာ ပြည့်စုံခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးကို ဂျီးဆပ်က ပွဲချိန် ၂ မိနစ်မပြည့်မီမှာပဲ စတာလင်ပေးတာကို အပိုင်ကန်သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့ အဝေးကန်ချက် တိုက်ထိခဲ့ပြီး ဆာနေးရဲ့ ဂိုးကို ခွင့်မပြုခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် နည်းပြ ဂွာဒီယိုလာက ကွင်းလယ်ဒိုင်ကို စောဒကတက်လို့ ထုတ်ပယ်ခံခဲ့ရချိန်မှာ မန်စီးတီးတို့ ပြန်မလာနိုင်တော့ပဲဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် ဂိုးတွေကိုတော့ ဆာလက် ၅၆ မိနစ်၊ ဖာမီနို ရ၇ မိနစ်တို့မှာ သွင်းယူပေးခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အတွက် မဲခွဲမှုကို ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ယွန်မြို့မှာ သောကြာနေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags