ရွှေဖီချိန်မှာ အိမ်မပြန်နိုင်သူများ

ရွှေဖီချိန်မှာ အိမ်မပြန်နိုင်သူများ
သတင်းနှင့် ဓာတ်ပုံ-မဲခေါင်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ရာ နေရာအနီးတစ်ဝိုက်က ပလောင်၊ ရှမ်း၊ ကချင်၊ ဗမာစတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေဟာ နီးစပ်ရာဘုရားကျောင်ကန်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေမှာ ခိုလှုံနေကြပြီး တိုက်ပွဲတွေကြောင့် နေအိမ်တွေမီးလောင်တာ၊ ဒေသခံတွေ မိုင်းနင်းပြီးသေဆုံးတာ၊ လက်နက်ကြီး ကျည်မှန်တာကြောင့် သေဆုံးတာတွေအပြင် အိုးပစ်အိမ်ပစ်ထွက်ပြေးလာရတာကြောင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးနိမ့်ကျမှုတွေ နဲ့ ကြုံတွေ့နေရတဲ့ရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဒေသခံတွေရဲ့ အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ လက်ဖက်ခင်းတွေတည်ရှိနေပြီး ယခုအချိန်ဟာလက်ဖက်ဟာ အဆီအနှစ်ကောင်းမွန်စွာ ထွက်ရှိတဲ့   ရွှေဖီချိန်ဖြစ်ပြီးယခုမိုးမကျ ခင်လက်ဖက်မခူးနိုင်ပါက အညွှန့်ရင့်ကာ တစ်နှစ်ပတ်လုံးလက်ဖက်မခူးနိုင်တဲ့ အခြေအနေတွေနဲ့  ကြံုတွေ့ရဖွယ် ရှိတယ်လို့ တိုက်ပွဲရှောင်သူတွေက ဆိုကြပါတယ်။

တိုက်ပွဲရှောင်တွေဟာ ၄င်းတို့ရဲ့ စားဝတ်နေရေး စီးပွားရေးအတွက် ရွှေဖီချိန်မှာလက်ဖက်ခူးရန် စိတ်အားထက်သန်နေပြီး တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့် စေချင်နေကြပါတယ်။ တိုက်ပွဲတွေ ရပ်သွားရင်တောင်မှ အချို့ နေရာတွေမှာမြေမြုပ်မိုင်းတွေ ကျန်ခဲ့တာကြောင့် လက်ဖက်ခင်းသွား၊ တောင်ယာသွားရင်း မိုင်းအန္တရာယ်ဟာလည်း ကျန်ရှိနေသေးတယ်လို့ တိုက်ပွဲရှောင်တွေကပြောပါတယ်။

မတ်လနောက်ဆုံးပတ်မှာ ထုတ်ပြန်ထားတဲ့ United Nations OCHA Myanmar ရဲ့ စာရင်းတွေအရလူပေါင်း ၃၆၀၀ ကျော်ဟာကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နမ့်ဆမ်နှင့် နမ္မတူ မြို့နယ်များတွင် ခိုလှုံနေတယ်လို့ ဖော်ပြထားပြီး အဲဒီနေရာတွေထဲမှာ နေရာအချို့ကို လွန်ခဲ့တဲ့ မတ်လနောက်ဆုံးပတ်ကသွားရောက် ရိုက်ကူးထားတာများကို ဖော်ပြပေးလိုက်ပါတယ်။

သတင်းနှင့် ဓာတ်ပုံ-မဲခေါင်

 ကျေက်မဲမြို့ အောင်မြေသာယာဓမ္မာရုံတွင် လာရောက်ခိုလှုံနေကြသော တိုက်ပွဲရှောင်များကိုတွေ့ရစဉ်။

 တိုက်ပွဲရှောင်စခန်းတစ်ခုတွင် အဖျားပျောက်စေရန် ရိုးရာနည်းဖြစ်သော မက်ကလောင်ခြစ်၍  ကုသနေကြစဉ်

 INGO အဖွဲ့အစည်းမှ လာရောက်ထောက်ပံ့ထားသည်ကို တိုက်ပွဲရှောင်စခန်းတစ်ခုတွင် တွေ့ရစဉ်

အိမ်ခြေ ၁၂ လုံးမီးလောင်ခံလိုက်ရသည့် မန်စန်ကျေးရွာမှ တိုက်ပွဲရှောင်များကျောက်မဲမြို့ ကျောက်မဲကြီးဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြသည်များကိုတွေ့ရစဉ်

 အိမ်ခြေ ၁၂ လုံးမီးလောင်ခံလိုက်ရသည့် မန်စန်ကျေးရွာမှ တိုက်ပွဲရှောင်များကျောက်မဲမြို့ ကျောက်မဲကြီး ဘုန်းတော်ကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြသည်များကို တွေ့ရစဉ်

သီပေါမြို့နယ် ဘော်ကြိုဘုရားကြီးအနီးတွင်ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းမှ ဆေးပေးခန်းတစ်ခု

 သီပေါမြို့နယ် ဘော်ကြိုဘုရားကြီးအနီး နေထိုင်နေကြသည့် တိုက်ပွဲရှောင်များ

 ဘော်ကြိုဘုရားကြီးအနီး နေထိုင်နေကြသည့် တိုက်ပွဲရှောင်များသို့ နေ့လည်စာအလှူရှင်အကူညီ ချက်ပြုတ်ကျွေးမွေးကြစဉ်

 ဘော်ကြိုဘုရားကြီး အနီးနေထိုင်နေကြသည့် တိုက်ပွဲရှောင်များသို့ နေ့လည်စာအလှူရှင် အကူညီချက်ပြုတ်ကျွေးမွေးကြစဉ်

 ဘော်ကြိုဘုရားကြီးအနီး နေထိုင်နေကြသည့် တိုက်ပွဲရှောင်များသို့ နေ့လည်စာအလှူရှင်အကူညီ ဖြင့် ချက်ပြုတ်ကျွေးမွေးကြစဉ်

 ဘော်ကြိုဘုရားကြီးအနီး နေထိုင်နေကြသည့် တိုက်ပွဲရှောင်များသို့ နေ့လည်စာအလှူရှင်အကူညီဖြင့် ချက်ပြုတ်ကျွေးမွေးသည့်နေရာတွင် တွေ့ရသည့် တိုက်ပွဲရှောင်ကလေးငယ်နှစ်ဦး

 ဘော်ကြိုဘုရားကြီးအနီး နေထိုင်နေကြသည့် တိုက်ပွဲရှောင်များသို့ နေ့လည်စာအလှူရှင်အကူညီဖြင့် ချက်ပြုတ်ကျွေးမွေးသည့်နေရာတွင် တွေ့ရသည့် တိုက်ပွဲရှောင်ကလေးငယ်များ

သီပေါမြို့နယ် ဘော်ကြိုဘုရားကြီးအနီးနေထိုင်နေကြသည့် တိုက်ပွဲရှောင်များ

 ဘော်ကြိုဘုရားကြီးအနီးနေထိုင်နေကြသည့် တိုက်ပွဲရှောင်များသို့ နေ့လည်စာအလှူရှင် အကူညီချက်ပြုတ်ကျွေးမွေးသည့်နေရာတွင် တွေ့ရသည့် တိုက်ပွဲရှောင်ကလေးငယ်နှင့်မိခင်တစ်ဦး

 ဘော်ကြိုဘုရားကြီးအနီးနေထိုင်နေကြသည့် တိုက်ပွဲရှောင်များ

 ဘော်ကြိုဘုရားကြီးအနီးနေထိုင်နေကြသည့် တိုက်ပွဲရှောင်များ

သီပေါမြီု့ ရတနာရွှေဂူကျောင်းတိုက်တွင် တိုက်ပွဲရှောင်များအတွက်ဖွင့်လှစ်ထားသောဆေးပေးခန်းတစ်ခု

 သီပေါမြီု့ ရတနာရွှေဂူကျောင်းတိုက်တွင် တိုက်ပွဲရှောင်များအတွက်ဖွင့်လှစ်ထားသောဆေးပေးခန်းတစ်ခု

 သီပေါမြီု့ ရတနာရွှေဂူကျောင်းတိုက်တွင် နေထိုနေကြသည့်တိုက်ပွဲရှောင်များ

သီပေါမြီု့ ရတနာရွှေဂူကျောင်းတိုက်တွင် နေထိုနေကြသည့်တိုက်ပွဲရှောင်များ

 နမ္မတူမြို့နယ် မန်စံကျေးရွာဘုန်းတော်ကြီးကျောင်းတစ်ခုတွင် လာရောက်ခိုလှိုနေသည့်တိုက်ပွဲရှောင်များ

နမ္မတူမြို့ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် လာရောက်ခိုလှိုနေသည့်တိုက်ပွဲရှောင်ကလေးငယ်တစ်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required