ရူကူမာဂိုင်းနှင့် ချစ်သူများဖြစ်နေပြီဆိုသော ကောလဟာလများကို ဒန်နီရယ်ဟန်နေး၏ အေဂျင်စီဖြေရှင်း

ရူကူမာဂိုင်းနှင့် ချစ်သူများဖြစ်နေပြီဆိုသော ကောလဟာလများကို ဒန်နီရယ်ဟန်နေး၏ အေဂျင်စီဖြေရှင်း

နာမည်ကြီးကိုရီးယားမင်းသားတစ်လက်ဖြစ်သော ဒန်နီရယ်လ်ဟန်နေးသည် မင်းသမီးတစ်ဦးနှင့် ချစ်သူများ အဖြစ်လက်တွဲနေပြီဟု ကောလဟာလသတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် သူ၏အေဂျင်စီက အဆိုပါ သတင်းများနှင့် ပတ်သက်၍ မကြာခင်ကဖြေရှင်းချက်ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၉ ရက်နေ့တွင် သတင်းအများအပြားက ဒန်နီရယ်လ်သည် ဂျပန်-အမေရိကန်ကပြားမင်းသမီး ရူကူမာဂိုင်းနှင့် တွဲခုတ်နေကြပြီဟု ဖော်ပြခဲ့သည်။

အဆိုပါကောလဟာလများနှင့် ပတ်သက်၍ ဒန်နီရယ်လ်၏ အေဂျင်စီဖြစ်သော Echo Global Group က “ဒန်နီရယ်လ်ကိုမေးမြန်းပြီးတဲ့အခါမှာတော့ သူတို့နှစ်ဦးဟာ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသလို သူဟာ ရူကူမာဂိုင်းနဲ့လည်း အလွန်ကိုခင်မင်တဲ့ မိတ်ဆွေတစ်ဦးဖြစ်တယ်ဆိုတာကို ပရိသတ်များအား အသိပေးလိုက် ပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီဆိုတဲ့ ကောလဟာလတွေက မမှန်ပါဘူး” ဟု တုံ့ပြန်ကြေညာခဲ့သည်။

ဒါ့အပြင် “အချိန်ကွာဟချက်ကြောင့် သတင်းထုတ်ပြန်ရတာ နောက်ကျသွားရတဲ့အတွက်လည်း တောင်းပန်ပါ တယ်။ ကျေးဇူးတင်ပါတယ်” ဟု ယင်းအေဂျင်စီက ပြောခဲ့သည်။

ဒန်နီရယ်လ်ဟန်နေးသည် အမေရိကန်နိုင်ငံဖွား ကိုရီးယားမင်းသားတစ်လက်ဖြစ်ပြီး နာမည်ကြီးဇာတ်လမ်းတွဲ များနှင့် ရုပ်ရှင်များထဲ၌ ပါ၀င်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required