ဖယ်လိုင်နီကို သုံးနှစ်စာချုပ်ဖြင့် လီဗာပူးလ်အသင်းကမ်းလှမ်းမည်

ဖယ်လိုင်နီကို သုံးနှစ်စာချုပ်ဖြင့် လီဗာပူးလ်အသင်းကမ်းလှမ်းမည်

ဧပြီ ၉၊ လီဗာပူးလ်။            ။ လီဗာပူးလ်အသင်းသည် မန်ယူနိုက်တက်ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို သုံးနှစ်စာချုပ်ဖြင့်ကမ်းလှမ်းမည်ဖြစ်ကြောင်း ပြင်သစ်သတင်းစာ အယ်လ်အီကွစ်တွင် ဖော်ပြထားသည်။

အဲဗာတန်မှပြောင်းလာပြီးနောက် မန်ယူနိုက်တက်တွင် ငါးနှစ်ကြာကစားထားသည့် ဖယ်လိုင်နီကို ပြင်သစ်ကလပ် မိုနာကိုနှင့် ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေသည်။

အသင်းပြောင်းရန်ဆုံးဖြတ်ထားသည့် ဖယ်လိုင်နီကိုလိုချင်သည့်အသင်းများထဲတွင် တရုတ်ကလပ်များနှင့် ဘက်ဆစ်တပ် အသင်းလည်း ပါဝင်နေသည်။

နွေရာသီတွင် လီဗာပူးလ်ကွင်းလယ်ကိုအပြောင်းအလဲများပြုလုပ်ချင်နေသည့် နည်းပြကလော့ပ်သည် နာဘီ ကီတာအပြင် ပါဝါမြင့်ကွင်းလယ်လူ ဖယ်လိုင်နီကိုပါ ထပ်ဖြည့်လိုနေခြင်းဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly