သင်္ကြန်​စတိုင်​ သင်္ကြန်ဖက်ရှင် မိတ်ကပ်ပြိုင်ပွဲ ကျင်းပ

သင်္ကြန်​စတိုင်​ သင်္ကြန်ဖက်ရှင် မိတ်ကပ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဧပြီ ရ ။                ။ လာမယ့် နှစ်သစ်ကူး အတာသင်္ကြန်မှာ သင်္ကြန်​စတိုင်​၊ သင်္ကြန်​ဖက်​ရှင်​ကျကျ လိမ်းချယ်လှပနိုင်ဖို့နဲ့ အသား အရည် ပျက်စီးမှုမရှိနိုင်ဖို့ သင်္ကြန်စတိုင် ကိုယ်တိုင်လိမ်း မိတ် ကပ်ပြိုင်ပွဲကို ဧပြီလ ရ ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲလေးကို ဂျပန်အလှကုန်ပစ္စည်းတွေ ရောင်းချတဲ့ Kose cosmetics က ကျင်းပခဲ့တာပါ။

ဒီလို မိတ်ကပ် လိမ်း ပြိုင်ပွဲတွေကို ယခင်ကလည်း ကျင်းပခဲ့ပြီး၊ အောင်မြင် တဲ့ မိတ်ကပ်ပညာရှင်တွေလည်း ပေါ်ထွက်ခဲ့တယ် လို့ Kos Myanmar ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်နီနီအောင် က မဇ္ဈိမကို ပြောပါတယ်။

" ဒီလို သင်္ကြန်ရာသီမှာ မိတ်ကပ်ပြိုင်ပွဲလေးတွေ လုပ်တယ်၊ ဒါပေမယ့် အရင်တုန်းကနဲ့လုပ်တာ မတူဘူး၊ အရင်တုန်းက လုပ်တာက Makeup artist ပြိုင်ပွဲ၊ တက်သစ်စ Makeup artist လေးတွေကို အသုတ်လိုက် ပြိုင်ပွဲ လုပ်တယ်၊ အစ်မတို့ ပြိုင်ပွဲတွေက ဆုရခဲ့သူလေးတွေဆိုရင် အခုဆိုရင် တစ်ကယ်ကို နာမည်ကြီးနေတဲ့ artist တွေ ဖြစ်ကုန်ပြီ" လို့ ဒေါ်နီနီအောင်က ပြောပါတယ်။

ဒီမိတ်ကပ်ပြိုင်ပွဲကို Japan နိုင်ငံKose ရုံးချုပ်ရဲ့ Global Beauty Expert Makeup artist Mr Dobashi က အခြေခံမိတ်ကပ်လိမ်းခြင်းကို လက်တွေ့ပြသင်ကြားပေးခဲ့ပါတယ်။ Global Beauty Expert Makeup artist Mr Dobashi က မြန်မာနိုင်ငံက အမျိုးသမီးများနှင့် လိုက်ဖက် မယ့် Make up အရောင်နှင့် ပြင်ဆင်လိမ်းချယ်ပုံ၊ အသား အရည်ထိန်းသိမ်းခြင်း အကြံပြုချင်များကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ပြိုင်ပွဲကို မိတ်ကပ်ဝါသနာရှင် ၁၂ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး မိတ်ကပ်ပညာရှင် မကြီးစန်းနဲ့ ပြည်တွင်း မိတ်ကပ် ပညာရှင်တွေလည်း အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ ကြပါတယ်။

နွေရာသီ သင်္ကြန်ချိန်ခါ ပူပြင်းတဲ့နေရောင် အောက်မှာ မျက်နှာအသားအရေ ရေဓါတ်ခမ်းခြောက် တတ် ပြီး စျေးပေါပေါ တွေ့ရာ မိတ်ကပ်တွေ မလိမ်ချယ် သင့်ဘူးလို့ Kos Myanmar ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်နီနီအောင်က ပြောပါတယ်။

" သင်္ကြန်အတွင်းမှာ အသားအရေထိန်းသိမ်းရုံတင်မက ဘူး၊ ကိုယ့်နဲ့လိုက်ဖက်မယ့် cosmetics တွေ၊ ဘေးဥပါတ် ကင်းပြီး အန္တရာယ်ကင်းကင်းနဲ့ လှလှပပ လွယ်ကူကူနဲ့ ဟာတွေကို သုံးစေချင်တယ်၊ နွေရာသီမှာ နေလည်း အရမ်းပူတဲ့အတွက်ကြောင့် မျက်နှာအသားအရေ ရေဓါတ် ဖြည့်တဲ့ Lotion တွေ များများလိမ်းပါ၊ ပြီးတော့ အပြင် ထွက်တဲ့အခါ နေရောင်ခြည်ကာကွယ်ဆေးကို သေချာလိမ်း ပါ၊ သင်္ကြန်မှာ ရေထိရင် ပျက်မှာပဲဆိုပြီး စျေးပေါပေါ မိတ် ကပ်တွေ၊ တွေ့ရာ မိတ်ကပ်တွေ လိမ်းရင် နောက်ဆက် တွဲက ဒီမိတ်ကပ်တွေက သင်္ကြန်ရေရယ်၊ နေရယ်ပေါင်း ပြီးတော့ ကိုယ့်မျက်နှာအရေပြားရဲ့ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်တာမို့ သေသေချာချာ ကျန်းမာရေးနဲ့ညီညွတ် မယ့် ဟာကို ရွေးချယ်ပြီး သုံးစေချင်တယ်" လို့ ဒေါ်နီနီအောင် က ပြောပါတယ်။

မိတ်ကပ်ပြိုင်ပွဲအတွက် စာရင်းပေးထားသူ အယောက် ၄၀ ကျော်ထဲက ၁၂ ဦးကို ရွေးချယ်ခဲ့ပြီး မိတ်ကပ်ပညာ ရှင်တွေက အနီးကပ်အကဲဖြတ် အမှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီမိတ်ကပ်ပြိုင်ပွဲမှာ Kose make up နဲ့ skincare တွေကို ပထမဆုအဖြစ် ၃ သိန်း၊ ဒုတိယဆုအဖြစ် ၂ သိန်း၊ တတိယဆုအဖြစ် ၁ သိန်းနဲ့ ပါဝင်ယှဉ်ပြိုင် သူတွေကို နှစ်သိမ့်ဆုတွေလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly