ရမ်ဆေးကို စာချုပ်သစ်ချုပ်နိုင်ရန် အာဆင်နယ်အသင်းကြိုးပမ်းနေ

ရမ်ဆေးကို စာချုပ်သစ်ချုပ်နိုင်ရန် အာဆင်နယ်အသင်းကြိုးပမ်းနေ

ဧပြီ ရ၊ လန်ဒန်။                        ။ အာဆင်နယ်အသင်းအနေဖြင့် ဆန်းချက်ဇ် မန်ယူနိုက်တက်အသင်းကိုပြောင်းသွားသည့် အဖြစ်မျိုး ထပ်မံမကြံုတွေ့လိုသဖြင့် ရမ်ဆေးကို စာချုပ်သစ်ချုပ်နိုင်ရန် မဖြစ်မနေကြိုးပမ်းမည်ဖြစ်သည်။

ကြာသပတေးနေ့က ကစားခဲ့သော ယူရိုပါလိဂ်ပွဲတွင် လှပသည့်ဗော်လီဂိုးတစ်ဂိုးအပါအဝင် စီအက်စ်ကေအေ မော်စကို ဘက်သို့ နှစ်ဂိုးသွင်းယူခဲ့သည့် ရမ်ဆေးသည် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲသို့ ရောက်နေပြီဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ဝေးလ်လက်ရွေးစင်ကစားသမားသည် လက်ရှိတွင် တစ်ပတ်ပေါင် ၁၁၀, ၀၀၀ ရနေပြီး လစာကိစ္စမှာ စာချုပ်သစ်ဆွေးနွေးမှုတွင် အဓိက အနှောက်အယှက်ဖြစ်လာဖွယ်ရှိသည်။

အာဆင်နယ်အသင်းသည် မကြာသေးမီက အိုဇေးလ်ကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀, ၀၀၀၊ အူဘာမီယန်းနှင့် မစ်ခီတာယန်တို့ကို ပေါင် ၂၀၀, ၀၀၀ ပေးထားသည်။

ရမ်ဆေးသည် လစာတိုးမြှင့်ရရှိလိုနေပြီ အာစင်ဝင်းဂါးက “ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ယုံကြည်မှုလည်းရှိပါတယ်။ သူ့ စာချုပ်လည်း မကုန်သေးပါဘူး။ တစ်နှစ်ခွဲ ကျန်ပါသေးတယ်”ဟု ပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required