ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးရုပ်ရှင်ရုံကို ဧပြီလတွင်ဖွင့်လှစ်ရန် ဆော်ဒီအာရေဗျစီစဉ်

ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးရုပ်ရှင်ရုံကို ဧပြီလတွင်ဖွင့်လှစ်ရန် ဆော်ဒီအာရေဗျစီစဉ်

ဆော်ဒီအာရေဗျနိုင်ငံသည် နှစ်ပေါင်း ၃၅နှစ်အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ၎င်းတို့နိုင်ငံ၏ ပထမဦးဆုံးရုပ်ရှင် ရုံကို လာမည့်ဧပြီလ ၁၈ ရက်နေ့တွင် နိုင်ငံမြို့တော် ရီယက်ဒ်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များ က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

နိုင်ငံအတွင်း၌ ရုပ်ရှင်ရုံများတည်ဆောက်ရန် ဆော်ဒီအာရေဗျအာဏာပိုင်များသည် AMC Entertainment Holdings ကုမ္ပဏီနှင့်သဘောတူညီချက်ရရှိခဲ့ပြီး လာမည့် ၅နှစ်အတွင်း ရုံပေါင်း ၄၀ ခန့်အထိ တည်ဆောက် သွားမည်ဟု သိရသည်။

အလွန်ကိုရှေးရိုးဆန်သော အခြားမွတ်စလင်နိုင်ငံများကဲ့သို့ အများပြည်သူအပန်းဖြေသည့်နေရာများ၌ ကျား၊မ ခွဲခြားပြီး သွားလာခွင့်ပြုခြင်းကို ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ရုပ်ရှင်ရုံများကို ကျား၊မ မရွေးလာရောက်ကြည့်ရှု ခွင့်ပြုမည်ဟု သိရသည်။

ဒါ့အပြင် ရုံဖွင့်ပွဲပြီးနောက် ပထမဦးဆုံးပြသမည့်ရုပ်ရှင်မှာ Marvel စတူဒီယို၏ အောင်မြင်မှုများစွာရရှိထားသော Black Panther ဇာတ်ကားဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ၌ လွန်ခဲ့သော ၁၉၇၀ ခုနှစ်များက ရုပ်ရှင်ရုံများရှိခဲ့သော်လည်း သြဇာကြီးမားသော ဘာသာရေးခေါင်းဆောင်များက ပိတ်သိမ်းရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ စီးပွားရေးမျှော်မှန်းချက်နှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုကြောင့် ရုပ်ရှင်ရုံများပိတ်ပင်ထားမှုကို အစိုးရက ဖျက်သိမ်းခဲ့သည်။

ဆော်ဒီအာရေဗျ၌ ရုပ်ရှင်ရုံများကိုပိတ်ပင်ထားသော်လည်း ဟောလိဝုဒ်ရုပ်ရှင်များနှင့် ရုပ်သံစီးရီးများကို နေအိမ် ၌ ဆွေးနွေးပြောဆိုမှုများပြားကြောင်း သိရသည်။

ထု့ိကြောင့် အာဏာပိုင်များသည် လာမည့် ၂၀၃၀ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း၌ ရုပ်ရှင်ရုံပေါင်း ၃၅၀ ခန့်ထားရှိရန်နှင့် ထိုရုံများမှတဆင့် နှစ်စဉ်လက်မှတ်ရောင်းရငွေ ဒေါ်လာ ၁ ဘီလျံအထိရရှိရန် မျှော်မှန်းထားကြသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required