ဆီးရီးယားရှိ အကြမ်းဖက်အဖွဲ့များကို တိုက်ထုတ်သွားမည်ဟု ရုရှား၊အီရန်နှင့် တူရကီတို့ ကတိပြု

ဆီးရီးယားရှိ အကြမ်းဖက်အဖွဲ့များကို တိုက်ထုတ်သွားမည်ဟု ရုရှား၊အီရန်နှင့် တူရကီတို့ ကတိပြု

 

အန်ကာရာ၊ ဧပြီ ၅ ။                            ။ ရုရှား၊ အီရန်နှင့် တူရကီနိုင်ငံတို့မှ သမ္မတများက ၎င်းတို့သည် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များကို တိုက်ထုတ်ပြီး ဆီးရီးယား၏လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ရန် အတူတကွလက်တွဲ၍ လုပ်ဆောင်သွား မည်ဟု ဗုဒ္ဓဟူးနေ့က တူရကီနိုင်ငံမြို့တော် အန်ကာရာ၌ ကျင်းပခဲ့သော သုံးပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲ၌ ကတိ ကဝတ်ပြုခဲ့ကြသည်။

အကြမ်းဖက်အဖွဲ့များသည် ဆီးရီးယား၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အနှောင့်အယှက်ပေးနေကြောင်း ဗလာဒီမာ ပူတင်ကပြောခဲ့သလို အီရန်သမ္မတ ဟက်ဆန်ရော်ဟာနီကလည်း အမေရိကန်ပြည်ထောင်စုသည် အကြမ်းဖက် အဖွဲ့အစည်းများကို ၎င်းတို့လိုသလို အသုံးချချင်နေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ်ကျင်းပခဲ့သော တူရီကသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က အကြမ်းဖက်အဖွဲ့အစည်းမှန်သမျှကို အမျိုးအစားမခွဲခြားပဲ အကုန်တိုက်ထုတ်ရမည်ဟု ပြောဆိုခဲ့သည်။ သူသည် တူရကီတို့က အကြမ်းဖက်အဖွဲ့အစည်းဟုသတ်မှတ်ထားသော ကာ့ဒ်သူပုန်များကို ရည်ညွှန်းပြီး ထိုသို့ပြောဆိုခဲ့ ခြင်းလည်းဖြစ်သည်။

ဆီးရီးယားတပ်ဖွဲ့များနှင့် မဟာမိတ်ဖွဲ့ထားသော တူရကီစစ်တပ်သည် ကာ့ဒ်သူပုန်အဖွဲ့ YPG တို့မှ ကနဦးက သိမ်းပိုက်ထားခဲ့သော ဆီးရီးယားမြောက်ပိုင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ YPG အဖွဲ့သည် တူရကီ အရှေ့ပိုင်းရှိ ကာ့ဒ်ခွဲထွက်ရေးသမားများနှင့် ချိတ်ဆက်မှုရှိသည့်အတွက် တူရကီတို့ဘက်မှ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားသည်။

သို့သော်လည်း ကာ့ဒ်လူမျိုးများသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့ကို အမေရိကန်စစ်တပ်က တိုက်ထုတ်ရာတွင် အဓိကအကူအညီပေးခဲ့သူများဖြစ်ကြသည်။

တူရကီ၊ အီရန်နှင့် ရုရှားနိုင်ငံတို့မှ ခေါင်းဆောင် ၃ဦးသည် ကုလသမဂ္ဂမှ ကြားဝင်စေ့စပ်ပေးနေသည့် ဆီးရီးယားအရေးကို ရေရှည်ဖြေရှင်းပေးနိုင်မည့် ဂျနီဗာလုပ်ငန်းစဉ်ကိုလည်း အရှိန်မြှင့်တင်လုပ်ဆောင်သွား မည်ဟု ခံဝန်ကတိပေးခဲ့ကြသည်။

ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မျှတပြီးပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကျင်းပကာ ဖော်ဆောင်သွား ရမည်ဟုလည်း ခေါင်းဆောင် ၃ ဦးက သဘောတူညီခဲ့ကြသည်။

ရုရှားနှင့် အီရန်တို့သည် ဆီးရီးယားပြည်တွင်းစစ်၌ ဘာရှာအယ်လ်အာဆက်အစိုးရကို ထောက်ခံကြသူများဖြစ် ပြီး တူရကီတို့ကမူ အာဆက်အစိုးရကိုဆန့်ကျင်သော အတိုက်အခံအဖွဲ့အား ထောက်ပံ့ပေးနေကြသူများဖြစ်ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required