ဒုတိယနေ့မြောက် ပြင်သစ်ရထားသပိတ် ခရီးသွားသန်းပေါင်းများစွာ အကျပ်တွေ့

ဒုတိယနေ့မြောက် ပြင်သစ်ရထားသပိတ် ခရီးသွားသန်းပေါင်းများစွာ အကျပ်တွေ့

 

ပါရီ၊ မတ် ၅ ။                ။ ပြင်သစ်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို လက်မခံဆန့်ကျင်သော ရထားအလုပ်သမားများ သပိတ်သည် ဒုတိယမြောက်နေ့အဖြစ်  ဆက်လက်ဆင်နွှဲနေရာ ဧပြီ ၄ ရက်တွင် ခရီးသွားလာရေး အကျပ်အတည်းတွေ့ခဲ့သည့် ပြည်သူသန်းပေါင်းများစွာ ရှိခဲ့သည်။

 TGV အမြန်ရထားများကို ရှစ်စီးတွင် တစ်စီးပြေးဆွဲပေးနေရသည့် အခြေအနေမှ ခုနစ်စီးလျှင် တစ်စီး ပြေးဆွဲပေးလာနိုင်သော်လည်း ဧပြီ ၄ ရက်က ခရီးစဉ်များ ဆက်လက်အမျှင်ပြတ်မှု ရှိကြောင်း နိုင်ငံပိုင်ရထားဝန်ဆောင်မှု SNCF က ပြောသည်။

 ခရီးဝေး ရထား ရှစ်စီးတွင် တစ်စီး၊ ဒေသတွင်းရထား ငါးစီးလျှင် တစ်စီးနှင့် နိုင်ငံတကာ  ရထား လေးစီးလျှင် သုံးစီး ပြေးဆွဲပေးနိုင်ပြီဖြစ်သည်။

 သို့သော်လည်း စပိန်၊ ဆွစ်ဇာလန်နှင့် အီတလီသို့ ခုတ်မောင်းသော ရထားခရီးစဉ်များ ဧပြီ ၄ ရက်အထိ ပယ်ဖျက်ထားရဆဲဖြစ်သည်။

 တစ်ချိန်တည်းတွင် ပါရီမှ ဘယ်ဂျီယံနှင့် နယ်သာလန်သို့ ခုတ်မောင်းသော Thalys ရထားများကို အနှောင့်အယှက်မရှိ ပြေးဆွဲပေးထားနိုင်သည်။

လေးစီးရှိသော လန်ဒန်သို့ ပြေးဆွဲသည့် Eurostar ရထားတွင် သုံးစီး ပြေးဆွဲနိုင်ကာ ဂျာမနီသို့ သုံးစီးတွင် တစ်စီး ပြေးဆွဲပေးနိုင်သည်။

ရထားခရီးစဉ်များ အမျှင်ပြတ်ခြင်းများကြောင့် ပြည်သူအများစုက ကိုယ်ပိုင်ကားများဖြင့် သွားလာမှု များပြားရာ လမ်းကြောပိတ်ဆို့မှုများ ကြီးစွာဖြစ်ပေါ်သည်။

အစိုးရက SNCF အနေဖြင့် မြင့်မားလာနေသော ကြွေးမြီကို ဖြေရှင်းရေးအတွက် ပြုပြင်ပြောင်းလဲမှု ထဲထဲဝင်ဝင် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောထားသည်။ ၂၀၁၇ နှစ်ကုန် SNCF ၏ ကြွေးမြီသည် အမေရိကန်ဒေါ်လာ ၅၆ ဒဿမ ၅ ဘီလီယံ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required