ဆင်စွယ်ရောင်းဝယ်မှု ဗြိတိန် ပိတ်ပင်တားမြစ်

ဆင်စွယ်ရောင်းဝယ်မှု ဗြိတိန် ပိတ်ပင်တားမြစ်

 

ဧပြီ ၄ ။                               ။ ကမ္ဘာပေါ်မှာ ဆင်ကောင်ရေ တစ်စတစ်စ လျော့နည်းလာနေမှုအခြေအနေကို ထိန်းသိမ်းကာကွယ်သွားဖို့ ရည်ရွယ်ပြီး နိုင်ငံမှာ ဆင်စွယ်ရောင်းဝယ်မှုတွေကို ပိတ်ပင်တားမြစ်သွားတော့မှာဖြစ်ကြောင်း ဗြိတိန်အစိုးရက ဧပြီ ၃ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယခု ပိတ်ပင်မှုမှာတော့ အားလုံးသော ဆင်စွယ် ရောင်းချစရာ ပစ္စည်းတွေအကုန် အကျုံးဝင်မှာဖြစ်ပါတယ်။ တကယ်လို့ ယခု ပိတ်ပင်ချက်ကို ချိုးဖောက်မယ်ဆိုရင် အများဆုံး ပြစ်ဒဏ်အဖြစ် ထောင်ငါးနှစ် ဒါမှမဟုတ် အကန့်အသတ်မရှိတဲ့ ဒဏ်ကြေးတစ်ရပ် ချမှတ်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုလို ဆင်စွယ်ရောင်းချမှုအပေါ် ပိတ်ပင်မယ့် ဆုံးဖြတ်ချက်ကိုတော့ ပါလီမန်ရဲ့ အတည်ပြုချက် ရဖို့လိုအပ်နေပါသေးတယ်။

" ငွေကြေးအကျိုးအမြတ်ရဖို့ ဒါမှမဟုတ် အမှတ်တရ သိမ်းဆည်းထားဖို့ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီဆင်စွယ်တွေကို ရောင်းကုန်တစ်ခုလို သတ်မှတ်မနေသင့်တော့ပါဘူး၊ ဒါကြောင့် အနာဂတ်မှာ ဆင်တွေကို ကာကွယ်ပေးသွားနိုင်ဖို့အတွက် ဆင်စွယ် ရောင်းဝယ်မှုတွေအပေါ် ပိတ်ပင်မယ့် ကမ္ဘာ့အတင်းကျပ်ဆုံးဥပဒေတစ်ခုကို တင်သွင်းလာရတာဖြစ်ပါတယ်" ဆိုပြီး သဘာဝပတ်ဝန်းကျင် ဝန်ကြီး မိုက်ခင် ဂိ့ုဗ်က ပြောသွားပါတယ်။

နိုင်ငံတကာမှာ တရားမဝင် တောရိုင်းတိရိစ္ဆာန် ကုန်သွယ်မှုဟာ ခန့်မှန်းခြေတန်ဖိုးအားဖြင့် ဒေါ်လာ ၂၄ ဘီလီယံထိ ရှိမယ်လို့ ဗြိတိန်အစိုးရက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required