ကိုယ်ဝန်ရှိနေပြီဟု မင်းသမီးဟန်ချေးအာက ပရိသတ်များကို အသိပေး

ကိုယ်ဝန်ရှိနေပြီဟု မင်းသမီးဟန်ချေးအာက ပရိသတ်များကို အသိပေး

 

တောင်ကိုရီးယားမှ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်သော ဟန်ချေးအာက သူမသည် ကိုယ်ဝန်ရှိနေပြီဖြစ် ကြောင်း ပရိသတ်များကို လူမှုမီဒီယာမှတဆင့် အသိပေးခဲ့သည်။

အင်စတာဂရမ်ပေါ်သို့တင်ခဲ့သော စာတစ်စောင်ထဲတွင် သူမသည် မကြာခင်တွင် အိမ်ထောင်ပြုတော့မည်ဟု အစချီထားခဲ့သည်။ သူမက “ မကြာသေးခင်က ကျွန်မဟာ ကျွန်မချစ်တဲ့သူနဲ့ တစ်သက်လုံးအတူ နေထိုင်သွားမယ် လို့ ကတိပေးခဲ့ပါတယ်။ အိမ်ထောင်ပြုတာဟာ အရေးပါတဲ့အရာဖြစ်တာကြောင့် အချိန်အကြာကြီး ဆွေးနွေးပြီး တဲ့အခါကျမှ ဆုံးဖြတ်ချက်ကို ဂရုတစိုက် ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်မတို့ကို ဂုဏ်ပြုစာပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု စာရေးသားထားခဲ့သည်။

ဆက်လက်ပြီး ဟန်ချေးအာက “ ဒီလိုပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေအတွင်းမှာ ကျွန်မဘဝအတွက် နောက်ထပ်လက်ဆောင်လေးတစ်ခု ထပ်မံရောက်ရှိလာပါတယ်။ ဒီလက်ဆောင်လေးက ပိုမိုမွန်မြတ်တယ်လို့ ခံစားရပါတယ်။ ကျွန်မရဲ့ကိုယ်ဝန်က အစောပိုင်းအဆင့်မှာပဲရှိသေးလို့ ကျွန်မဘက်က သတိတကြီးနဲ့နေထိုင်နေရ ပါတယ်။ ဒါပေမယ့် ဒီပျော်ရွှင်စရာသတင်းလေးကို ကျွန်မကိုအားပေးကြတဲ့သူတွေကို ပထမဦးဆုံးအသိပေးဖို့ ကျွန်မဆုံးဖြတ်ခဲ့ပါတယ်” ဟု သူမ၏ ကိုယ်ဝန်နှင့်ပက်သက်၍ အသိပေးခဲ့သည်။

ထို့နောက် ဟန်ချေးအာက “ ကျွန်မကို နွေးထွေးတဲ့ဆုမွန်ကောင်းတွေ တောင်းပေးကြမယ်ဆိုရင် ကျွန်မအရမ်းကို ကျေးဇူးတင်မိမှာပါ။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ လူကောင်းတစ်ယောက်ဖြစ်ဖို့ ကျွန်မ ကြိုးစားသွား မှာပါ။ ကျေးဇူးတင်ပါတယ်” ဟု ရေးသားကာ သူမ၏စာကို အဆုံးသတ်ခဲ့သည်။

ဟန်ချေးအာသည် တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးသမားဟောင်း ချာဘမ်ကန်၏ သားဖြစ်သူ ချာဆီဂျီ နှင့်အတူ လာမည့်မေလ ၆ ရက်နေ့တွင် လက်ထပ်ကြမည်ဟု သိရသည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly