ဘယ်သူမှ ကျုပ်လောက် ရုရှကို ခပ်ပြတ်ပြတ် မကိုင်တွယ်ခဲ့ဟု ထရမ့်ပြော

ဘယ်သူမှ ကျုပ်လောက် ရုရှကို ခပ်ပြတ်ပြတ် မကိုင်တွယ်ခဲ့ဟု ထရမ့်ပြော

 

ဝါရှင်တန်ဒီစီ၊ ဧပြီ ၄ ။                 ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့လောက် ဘယ်သူမှ ရုရှအပေါ် ခပ်ကြမ်းကြမ်း မကိုင်တွယ်ဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း ရုရှနဲ့ သင့်မြတ်တာဟာ ကောင်းလိမ့်မှာမဟုတ်ဘူးလို့ အလွန်တုံးအမိုက်မဲသူတွေပဲ ထင်ကြပါလိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။

ဗြိတိန်မြေမှာ နှစ်ဖက်ချွန် ရုရှစပိုင်ဟောင်း လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အနောက်အုပ်စုဟာ ရုရှသံတမန်တွေကို နှင်ထုတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ထရမ့်က ခုလို ပြောကြားလာတာဖြစ်ပါတယ်။

“ရုရှအပေါ် ဘယ်သူမှ မကြမ်းကြဘူး။ ရုရှနဲ့ သင့်မြတ်တာဟာ ကောင်းတဲ့အရာပါ။ ဆိုးတာ မဟုတ်ဘူး။”ဟု လက်ဗီယား၊ အက်စတိုးနီးယားနဲ့ လစ်သူယေးနီးယား သမ္မတတွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်မှာ ထရမ့်က ပြောပါတယ်။

“အားလုံးလောက်နီးနီး ဒါကို သဘောတူမှာပါ။ အလွန်တုံးမိုက်သူတွေပဲ လက်မခံနိုင်ဖြစ်မယ်။”ဟု ၎င်းက ဆိုပါတယ်။

“ရှင်းရှင်းပဲ ပြောမယ်။ ကျွန်တော်တို့ ရုရှကို တော်တော်လေး ခပ်ပြတ်ပြတ် ကိုင်တွယ်ခဲ့ပါတယ်။”ဟု ထရမ့်က ဆိုပါတယ်။

 ရုရှစပိုင်းဟောင်း လုပ်ကြံခံရမှုမှာ အမေရိကန်ဟာ ရုရှသံတမန် ၆၀ ကို ပြည်နှင်ထားတာဖြစ်ကြောင်း၊ ဂျာမနီနဲ့ ပြင်သစ်ဟာ လေးဦးစီသာ ပြည်နှင်ခဲ့တာဖြစ်ကြောင်း သမ္မတ ထရမ့်က မှတ်ချက်ပြု ပြောပါတယ်။

ရုရှသမ္မတ ပူတင်က မိတ်ဆွေဖြစ်မလား၊ ရန်သူဖြစ်မလားလို့ မေးမြန်းတာကိုတော့ ထရမ့်က “သမ္မတ ပူတင်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။”ဟု ပြန်လည်ဖြေဆိုပါတယ်။

“ရုရှနဲ့ သင့်မြတ်တာဟာ ကောင်းမွန်တဲ့ အရာပါ။”ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags