တူရင်မြို့ကို ပြိုင်ဘက်နည်းပြအဖြစ်နဲ့ ပထမဆုံးပြန်လည်ခြေချရမယ့် ဇီဒန်း

တူရင်မြို့ကို ပြိုင်ဘက်နည်းပြအဖြစ်နဲ့ ပထမဆုံးပြန်လည်ခြေချရမယ့် ဇီဒန်း

ရီးယဲလ်မက်ဒရစ်နည်းပြ ဇီဒန်းဟာ ကစားသမားဘဝတုန်းက ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းရှိရာ တူရင်မြို့ကို ပြိုင်ဘက်အဖြစ်နဲ့ ဒီညမှာ ပထမဆုံးအကြိမ်ပြန်လည်ခြေချရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ကာဒစ်ဖ်မြို့မှာ ဂျူဗင်တပ်ကို ၄-၁ ဂိုးနဲ့ အနိုင်ယူပြီး ၁၂ ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရယူခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် တူရင်မြို့မှာ ဂျူဗင်တပ်နဲ့ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဇီဒန်းရဲ့ ရီးယဲလ်မက်ဒရစ်က ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၅-၂ ဂိုးနဲ့အနိုင်ရခဲ့သလို အယ်လီဂရီရဲ့ ဂျူဗင်တပ်အသင်းကလည်း စပါးအသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာပါ။

ဇီဒန်းဟာ ကစားသမားဘဝတုန်းက ရီးယဲလ်မက်ဒရစ်ကိုမပြောင်းမီ ဂျူဗင်တပ်မှာကစားခဲ့ပြီး စီးရီးအေဖလားနှစ်လုံးရခဲ့သလို ကမ္ဘာ့အကောင်းဆုံးကစားသမားဆု တစ်ကြိမ်လည်းရခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ အဓိက ကစားသမားအစုံအလင်ပါဝင်လာဖို့ရှိနေပြီး အထူးသဖြင့် ဂျူဗင်တပ်နဲ့တွေ့တိုင်း ဂိုးတွေ သွင်းနေတဲ့ စီရော်နယ်ဒိုလည်း ပါဝင်လာမှာပါ။ ပွဲကိုတော့ မြန်မာစံတော်ချိန် ဧပြီ ၄ ရက် နံနက် ၁း၁၅ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required