ဟွမ်ဘင်းနှင့်အတူ ဒရာမာဇာတ်လမ်းတွဲအသစ်၌ သရုပ်ဆောင်ရန်ဆွေးနွေးနေသည့် ပါ့ခ်ရှင်ဟေး

ဟွမ်ဘင်းနှင့်အတူ ဒရာမာဇာတ်လမ်းတွဲအသစ်၌ သရုပ်ဆောင်ရန်ဆွေးနွေးနေသည့် ပါ့ခ်ရှင်ဟေး

တောင်ကိုရီးယားမှ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သော ပါ့ခ်ရှင်ဟေးသည် နာမည်ကြီးမင်းသားဟွမ်ဘင်း နှင့်အတူ ဒရာမာဇာတ်လမ်းတွဲအသစ်၌ ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိ သည်။

ဧပြီလ ၃ ရက်နေ့တွင် ပါ့ခ်ရှင်ဟေးနှင့် နီးစပ်သောအသိုင်းအဝိုင်းက သူမသည် ဟွမ်ဘင်းနှင့်အတူ “ Memories of the Alhambra” ဆိုသော ဇာတ်လမ်းတွဲထဲ၌ ပါဝင်သရုပ်ဆောင်ဖို့ စဉ်းစားနေကြောင်း အတည်ပြုခဲ့သည်။

သူမ နှင့်နီးစပ်သူတစ်ဦးက “ပါ့ခ်ရှင်ဟေးဟာ Alhambra မှာသရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းချက်ကို ရရှိထား တယ်ဆိုတာ အမှန်ပါပဲ။ လက်ရှိအချိန်မှာတော့ပါ့ခ်ရှင်ဟေးဟာ အခြားဒရာမာဇာတ်လမ်းထဲမှာ သရုပ်ဆောင်ဖို့ ကိုလည်း ဆွေးနွေးနေပါတယ်” ဟု ပြောဆိုခဲ့သည်။

“Memories of the Alhambra” သည် ဟွမ်ဘင်းအတွက် သုံးနှစ်ကျော်ကြာပြီးနောက် ပထမဦးဆုံး ပြန်လည် သရုပ်ဆောင်မည့် ဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး ထိုဇာတ်လမ်းထဲတွင် သူသည် စပိန်နိုင်ငံသို့ စီးပွားရေးကိစ္စနှင့် ရောက်ရှိလာပြီး ဂရန်နာဒါမြို့မှ တည်းခိုခန်းအဟောင်းလေးသို့ လာရောက်တည်းခိုသည့် ယူးဂျင်ဝူးအမည်ရှိ စီအီးအိုတစ်ဦးအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

ပါ့ခ်ရှင်ဟေးသည် အဆိုပါတည်းခိုခန်းအဟောင်းလေး၏ ပိုင်ရှင်ဖြစ်သူ ဂျန်ဟီးဂျူးနေရာမှ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေခြင်းဖြစ်သည်။

“Memories of the Alhambra” ကို ၂၀၁၈ နှစ်လယ်ပိုင်းလောက်တွင် စတင်ထုတ်လွှင့်ပြသသွားရန် စီစဉ်ထား ကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required