အမေရိကန် သံအမတ် နှင့် ANP ပါတီ ခေါင်းဆောင်ပိုင်းများ တွေ့ဆုံ

အမေရိကန် သံအမတ် နှင့် ANP ပါတီ ခေါင်းဆောင်ပိုင်းများ တွေ့ဆုံ

ရန်ကုန် ၊ ဧပြီ ၃ ။            ။ ရခိုင်အင်အားကြီးပါတီဖြစ်သည့်ရခိုင်အမျိုးသားပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel တို့ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၌ တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ်အတွင်း၌ ဘင်္ဂါလီများ နေရပ်ပြန်လည်နေရာချထားရေးကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စများကို ဆွေးနွေးဖြစ်ခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္ဈိမသို့ အတည်ပြုပြောဆိုခဲ့သည်။

"ဘင်္ဂါလီတွေကို ၈၂ နိုင်ငံသားဥပဒေနဲ့ စစ်ဆေးပေးပါ။ စစ်ဆေးပြီးလို့ အရည်အချင်းပြည့်မီခဲ့ရင် အဲ့လူတွေကို နိုင်ငံသား ပေးလိုက်ပါ။ နိုင်ငံသားရတဲ့သူတွေကို ရခိုင်ပြည်နယ်အတွင်းမှာ ပိတ်လှောင် မထားဘဲနဲ့ လွတ်လွတ်လပ်လပ် သွားခွင့်ပေးပါ လို့ ပြောလိုက်တယ်" ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ယခုလက်ရှိ အစိုးရစီမံလုပ်ကိုင်နေသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအားလည်း ရခိုင်အမျိုးသားပါတီအနေဖြင့် ကန့်ကွက်ရန် မရှိဟုလည်း ဦးထွန်းအောင်ကျော်က ပြောသည်။

အမေရိကန်သံအမတ်ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပျက်နေသည့် အခြေအနေများအား လာရောက်လေ့လာနေခြင်းဖြစ်ပြီး ရခိုင်အသိုက်အဝန်းအပြင် မူဆလင် အသိုက်အဝန်းမှ လူများနှင့်ပါ ဆွေးနွေးတွေ့ဆုံခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required