လိုအပ်သောလုပ်ငန်းသုံး မော်တော်ယာဉ်များ မကွေးဌာနဆိုင်ရာများသို့ တိုင်းအစိုးရထောက်ပံ့

လိုအပ်သောလုပ်ငန်းသုံး မော်တော်ယာဉ်များ မကွေးဌာနဆိုင်ရာများသို့ တိုင်းအစိုးရထောက်ပံ့

မကွေးဌာနဆိုင်ရာများသို့ အမှိုက်သိမ်းယာဉ်ရေပုပ်စုပ်ယာဉ်၊မီးသတ်ယာဉ်နှင့်လုပ်ငန်းသုံး မော်တော်ယာဉ် များအပါအဝင် မော်တော်ယာဉ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလ ၃ ရက်နေ့က မကွေးတိုင်းဒေသကြီးတိုင်းအားကစားကွင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံ အမှိုက်သိမ်းယာဉ်(၂၅)စီး၊ရေပုပ်စုပ်ယာဉ်(၅)စီး၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပေးအပ်ခဲ့ပြီး မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးထံ မီးသတ်ယာဉ် (၂၃)စီး လွှဲပြောင်းပေး အပ်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကျန်းမာရေးဌာန၊ သစ်တောဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဌာနအပါအဝင် ဌာန(၇)ခုတို့အား (Ford Ranger Radcab)မော်တော်ယာဉ်များ ပေးအပ်ခဲ့သည်။

ရေပုပ်စုပ်ယာဉ်နှင့် အမှိုက်သိမ်းယာဉ် စုစုပေါင်း(၂၉)စီးအတွက် ငွေကျပ် စုစုပေါင်း (၁၁၇၇၅)သိန်းကျပ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့သို့(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်မှ မီးသတ် ရေသယ်ယာဉ် ၁၆၀၀ ဂါလန်ဆန့် ကား(၁)စီး ကျပ်သန်း(၃၀ဒဿ မ၀၀၀)နှုန်းဖြင့် ယာဉ်(၃)စီးအတွက် ကျပ်သန်း(၉၀ဒသမ၀၀၀) လှေကားတင် မီးသတ်ယာဉ်(၁)စီး ဝယ်ယူခြင်းအတွက် ကျပ်သန်း(၁၅၀ဒဿ မ၀၀၀)နှင့် ရုံးသုံးစက်ကိရိယာ ပစ္စည်းဝယ်ယူခြင်းအတွက် ကျပ်သန်း(၂၈၈ဒသမ၃၂၀)ဖြင့် စုစုပေါင်း ကျပ်သန်း(၇၂၈ဒသမ၃၂၀)ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မီးငြိမ်းသတ်ယာဉ်(၁)စီး ကျပ်သန်း(၄၀ ဒဿ မ၀၀၀)ဖြင့် (၂၃)စီး၊ စုစုပေါင်းတန်းဖိုး(၉၂၀ဒဿ မ၀၀)ကျပ် ကုန်ကျခံ ဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။

အဆိုပါယာဉ်များပေးအပ်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများဘဝ နေထိုင်မှု အဆင့်အတန်း မြင့်မားရေးအတွက် ဌာနလုပ်ငန်း တာဝန်များကို စေတနာဖြင့် ကြိုးပမ်း ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအစိုးရအနေနှင့်ဌာနဆိုင်ရာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည ်ဖြစ်ကြောင်းပြောသည်။

အဆိုပါယာဉ်များမှာ ပထမအသုတ် မှာယူရောက်ရှိသည့် ယာဉ်များကို သက်ဆိုင်ရာဌာနဆိုင် ရာများကို ပေးအပ်ခြင်း ဖြစ်ကြောင်း၊ မှာယူထားသည့် ယာဉ်များ ထပ်မံရောက်ရှိလျှင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကို ထပ်မံ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly