စပိန်၌ ဆပ်ကပ်အဖွဲ့၏ လော်ရီကားတစ်စီးတိမ်းမှောက်၍ ဆင်လိမ္မာကြီးတစ်ကောင် သေဆုံး

စပိန်၌ ဆပ်ကပ်အဖွဲ့၏ လော်ရီကားတစ်စီးတိမ်းမှောက်၍ ဆင်လိမ္မာကြီးတစ်ကောင် သေဆုံး

 

မက်ဒရစ်၊ စပိန်၊ ဧပြီ ၃ ။                     ။ စပိန်နိုင်ငံရှိ အဝေးပြေးလမ်းမကြီးပေါ်၌ ဆပ်ကပ်အဖွဲ့မှဆင်လိမ္မာများကိုသယ်ဆောင်လာသော လော်ရီကား တစ်စီး တနင်္လာနေ့ကတိမ်းမှောက်ခဲ့သောကြောင့် ဆင်လိမ္မာတစ်ကောင်သေဆုံးပြီး နှစ်ကောင်ခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

အဆိုပါလော်ရီကားသည် စပိန်နိုင်ငံအလယ်ပိုင်း ကတ်စ်တီလာ လာမန်ချာအရပ်ဒေသမှ ပိုဇိုကနေဒါနယ်မြေ အတွင်းရှိ အဝေးပြေးလမ်းမပေါ်၌ အရှိန်နှေးနှေးနှင့်မောင်းနှင်နေသော ယာဉ်တစ်စီးကို ကျော်တက်ရန်ကြိုးပမ်း ခဲ့စဉ်တွင် ရုတ်တရက်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း အဝေးပြေးလမ်းစောင့်ကြည့်မှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် အဆိုပါအဝေးပြေးလမ်း၌ ၂နာရီခန့် ယာဉ်ကြောပိတ်ဆို့နေခဲ့ပြီး ကယ်ဆယ်ရေးသမားများ သည် ကရိန်းကားများကိုအသုံးပြု၍ ဆင်လိမ္မာများကိုသယ်ကာ အခြားယာဉ်များပေါ်သို့ တင်ပြီး ကယ်ထုတ် ခဲ့ရသည်။

ဗီဒီယိုမှတ်တမ်းတစ်ခုထဲ၌ မီးသတ်သမားများသည် ခြေထောက်တွင်ပတ်တီးများစီးထားသော ဆင်တစ်ကောင် ကို သယ်ထုတ်နေသည်ကို တွေ့မြင်ရသည်။

တိမ်းမှောက်ခဲ့သော လော်ရီကားပေါ်၌ ဆင်လိမ္မာ ၅ ကောင်ခန့်ကို သယ်ဆောင်လာခြင်းဖြစ်ပြီး အခြားဗီဒီယို မှတ်တမ်းထဲ၌ ဒဏ်ရာမရထားသော ဆင် ၂ ကောင်းကို ဘေးလွတ်ရာသို့ သယ်ထုတ်သွားသည်ကို တွေ့မြင်ရ သည်။

ဒါ့အပြင် ယင်းမတော်တဆဖြစ်ရပ်ကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများထဲ၌ လော်ရီကားသည် အဝေးပြေး လမ်းမပေါ်၌ ဘေးတိုက်လဲကျနေခဲ့ပြီး ဆင်များသည် ကားအနီး၌ မတ်တပ်ရပ်နေသည်ကို တွေ့မြင်ရသည်။

လော်ရီကားဒရိုင်ဘာမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags