လူမှုမီဒီယာမသုံးဖြစ်သည့်အကြောင်းရင်းကို ဆောင်းဂျီဟို ထုတ်ဖော်ပြောဆို

လူမှုမီဒီယာမသုံးဖြစ်သည့်အကြောင်းရင်းကို ဆောင်းဂျီဟို ထုတ်ဖော်ပြောဆို

တောင်ကိုရီးယားမှ နာမည်ကြီးမော်ဒယ်နှင့် မင်းသမီးဖြစ်သူ ဆောင်းဂျီဟိုက သူမအနေဖြင့် လူမှုမီဒီယာမသုံးဖြစ် သည့်အကြောင်းရင်းကို မကြာသေးခင်ကပြုလုပ်ခဲ့သော အင်တာဗျူးထဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

TV Report နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးထဲ၌ ဆောင်းဂျီဟိုသည မကြာခင်တွင်ထွက်ရှိတော့မည့် သူမ၏ “Wind, Wind, Wind” ဆိုသောရုပ်ရှင်နှင့်ပက်သက်၍ ပြောဆိုဆွေးနွေးခဲ့ပြီး ထိုရုပ်ရှင်ထဲမှ သူမ၏ဇာတ်ကောင် နှင့် အပြင်မှသူမ၏စရိုက်တို့ မည်သို့ကွဲခြားပုံကို ရှင်းလင်းပြောဆိုခဲ့သည်။

ထိုရုပ်ရှင်ထဲတွင် သူမသည် လူမှုမီဒီယာကို အစွဲလမ်းကြီးစွာအသုံးပြုနေသော မီယောင်းဆိုသည့် အမျိုးသမီး လေးအဖြစ် သရုပ်ဆောင်ထားသည်။ သို့သော် လက်တွေ့ဘဝမှ ဆောင်းဂျီဟိုသည် လူမှုမီဒီယာအသုံးပြုသည် မှာ အလွန်ရှားကြောင်း သိရသည်။

နာမည်ကျော်အများစုသည် လူမှုမီဒီယာကိုအသုံးပြု၍ ၎င်းတို့၏ပရိသတ်များနှင့် ဆက်သွယ်ရန်ကြိုးပမ်းသော် လည်း ဆောင်းဂျီဟိုကမူ ထိုပုံစံအတိုင်းလျှောက်လှမ်းဖို့ အစီအစဉ်မရှိကြောင်း သိရသည်။
လူမှုမီဒီယာအသုံးမပြုသည့် သူမ၏ဆုံးဖြတ်ချက်ကိုမေးမြန်းချိန်တွင် ဆောင်းဂျီဟိုက “ဆက်သွယ်ရေးဆိုတာ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုရတာမျိုးဖြစ်ပါတယ်။

တစ်ချို့လူတွေကတော့ သူတို့ပြောချင်တဲ့အရာကို လူမှုမီဒီယာကနေတဆင့် ထုတ်ဖော်ပြောဆိုပြီး တစ်ချို့ကတော့ သူတို့ရဲ့အတွေးလေး တွေကို ချပြလေ့ရှိပါတယ်။ ကျမကတော့ ကျမရဲ့ကိစ္စတွေကို ထုတ်ဖော်ပြောဆိုတတ်သူမဟုတ်လို့ မသုံးဖြစ်တာ ပါ” ဟု ဖြေကြားခဲ့သည်။

ဆောင်းဂျီဟို၏ “Wind, Wind, Wind” ရုပ်ရှင်ဇာတ်ကားကို လာမည့်ဧပြီလ ၅ ရက်နေ့တွင် အထူးပွဲပြသရန် စီစဉ်ထားကြောင်း သိရသည်။Ref: Soompi
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required