လီယမ်ပိန်းဖောက်ပြန်နေသည်ဆိုသော ကောလဟာလများကို ရှာရယ်လ်ငြင်းဆန်

လီယမ်ပိန်းဖောက်ပြန်နေသည်ဆိုသော ကောလဟာလများကို ရှာရယ်လ်ငြင်းဆန်

နာမည်ကျော်အင်္ဂလိပ်အဆိုတော်လေးလီယမ်ပိန်းသည် အကမယ်လေးတစ်ဦးနှင့် ဖောက်ပြန်နေသည်ဆိုသော ကောလဟောလများကို သူ၏အတူနေချစ်သူ ရှာရယ်လ်က တွစ်တာမှတဆင့် ငြင်းဆန်ခဲ့သည်။

One Direction အဖွဲ့ဝင်ဟောင်းဖြစ်သူ လီယမ်သည် ဒူဘိုင်း၌ အကမယ်မိတ်ဆွေမိန်းကလေးနှင့်အတူတူ လည်ပတ်နေသည်ကိုရိုက်ကူးထားသော ဗီဒီယိုများ အွန်လိုင်းပေါ်၌ပျံ့နှံ့နေခဲ့ပြီးနောက်တွင် ကိုယ်ရေးကိုယ်တာ ကိစ္စများကို မှတ်ချက်ပေးခဲလှသည့် ရှာရယ်လ်က စွပ်စွဲပြောဆိုမှုများကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

“ခပ်ကြောင်ကြောင်သတင်းတွေရဲ့ ဖော်ပြချက်တွေကို ကျွန်မကတော့ အချိန်ကုန်စိတ်ရှုပ်ခံပြီး ဖြေရှင်းလေ့မရှိပါ ဘူး။ ဒါပေမယ့် ကျွန်မ နှုတ်ဆိတ်မနေသင့်လို့ ပြောရခြင်းဖြစ်ပါတယ်။ အခုလိုပြောရတာကလည်း ခပ်ကြောင် ကြောင် သတင်းဌာနတွေဟာ ကိစ္စအသေးအဖွဲလေးတွေကို အကြီးကြီးလုပ်ပြီးဖော်ပြနေလို့ဖြစ်ပါတယ်” ဟု ရှာရယ်လ်ကိုးလ်က သူမ၏တွစ်တာ၌ ရေးသားခဲ့သည်။

ဒါ့အပြင် ယင်းသို့ဖော်ပြခဲ့သော သတင်းဌာနကို ရှာရယ်လ်က ထုတ်ဖော်ပြောဆိုခြင်းမရှိသလို လီယမ်နှင့် အဆိုပါအကမယ်လေးတို့မှာ သာမန်မိတ်ဆွေများဖြစ်ကြသည်ဟု ရှင်းလင်းပြောဆိုခဲ့သည်။

လီယမ်ပိန်းသည် ယခင်ကလည်း အဆိုတော်မလေး ရီတာအိုရာ၊ ကေတီပယ်ရီတို့နှင့်လည်း ဇာတ်လမ်းရှုပ်ခဲ့ဖူး သူဖြစ်သည်။

ရှာရယ်လ်နှင့် လီယမ်ပိန်းတို့သည် လွန်ခဲ့သော ၂၀၁၆ခုနှစ်ကတည်းက အတူနေချစ်သူများအဖြစ် လက်တွဲခဲ့ကြ သူများဖြစ်ပြီး လက်ရှိအချိန်တွင် တစ်နှစ်သားအရွယ်ရှိ Bear ဆိုသော သားယောင်္ကျားလေးတစ်ဦးကို ပိုင်ဆိုင် ထားကြသည်။

Ref: Billboard

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required