တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်

ဆိုးလ်၊ တောင်ကိုရီးယား၊ ဧပြီ ၁ ။            ။ ယခုနှစ်အတွင်း မြောက်ကိုရီးယားတို့၏ ပြန်လည်သင့်မြတ်ရန်ကြိုးပမ်းမှုကြောင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ကာကွယ်ရေးတပ်များသည် နှစ်စဉ်ပြုလုပ်နေကြ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အချိန်ရွှေ့ဆိုင်းခဲ့ ပြီး လေ့ကျင့်မှုကာလကိုလျှော့ချထားခဲ့ပြီးနောက် ယခုအခါတွင် ပူးတွဲလေ့ကျင့်မှုကို တနင်္ဂနွေနေ့၌ စတင်ပြုလုပ် လျက်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အမေရိကန်တပ်သား ၁၁၅၀၀ နှင့် တောင်ကိုရီးယားစစ်သား ၃၀၀၀၀၀ ခန့်သည် စစ်ရေးလေ့ကျင့်မှု ၂ခုကို ပြုလုပ်သွားရန်ရှိပြီး လေးပတ်ဆက်တိုက်ကြာမြင့်မည်ဖြစ်ကာ ပုံမှန်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုထက် တစ်လခန့် လျော့နည်းကြောင်း သိရသည်။

ဒါ့အပြင် ယခုနှစ်တွင် ပြီးခဲ့သောနှစ်များကကဲ့သို့ အမေရိကန်တို့၏မဟာဗျူဟာကျ စစ်ရေးအင်အားများဖြစ်ကြ သည့် လေယာဉ်တင် သင်္ဘောကြီးများနှင့် နျူကလီးယားရေငုပ်သင်္ဘောကြီးများနှင့် အတူ လေ့ကျင့်ခြင်းအား ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

ထိုကဲ့သို့ အင်အားအလုံးအရင်းနှင့် စစ်ရေးလေ့ကျင့်မှုကို ပုံမှန်ထက်လျှော့ချခဲ့ခြင်းမှာ လက်ရှိတည်ရှိနေသည့် မြောက်ကိုရီးယားတို့နှင့် နွေးထွေးသောဆက်ဆံရေးကို ဆက်လက်ထားရှိရန်ရည်ရွယ်ခြင်းဖြစ်သည်။ ပြုံယမ်း အစိုးရက ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့နိုင်ငံအား ဝင်ရောက်ကျူးကျော်ရန် လေ့ကျင့်ခြင်းဖြစ်သည်ဟု ယူဆထားသောကြောင့် ယခုလို အင်အားလျှော့ချခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် တောင်ကိုရီးယားသမ္မတတို့သည် လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲပြုလုပ်သွားရန် သဘောတူညီချက်ရရှိထားပြီး အမေရိကန် အစိုးရနှင့်လည်း လာမည့်မေလတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဖေဖေါ်ဝါရီလအကုန်နှင့် မတ်လအစောပိုင်းတွင် စတင်ပြုလုပ်လေ့ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် တောင်ကိုရီးယား၌ကျင်းပသည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြောင့်လည်း နောက်ဆုတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပြုံယမ်းအစိုးရသည် ထိုပူးတွဲစစ်ရေးလေ့ကျင့်မှုအား အမြဲတမ်းလိုလို ဝေဖန်ရှုံ့ချခဲ့ပြီး ဒုံးပျံပစ်လွှတ်စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် တုံ့ပြန်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required