မြောက်ကိုရီးယားဆန်ရှင်တွင် ကုလသမဂ္ဂက စာရင်းသစ် ထပ်မံထည့်သွင်း

မြောက်ကိုရီးယားဆန်ရှင်တွင် ကုလသမဂ္ဂက စာရင်းသစ် ထပ်မံထည့်သွင်း

ဂျနီဗာ၊ မတ် ၃၁ ။            ။ နျူကလီးယားစမ်းသပ်မှု စီမံကိန်းကြောင့် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုတွင် ကုလသမဂ္ဂက မတ် ၃၀ ရက်တွင် စာရင်းသစ် ထည့်သွင်းကာ ထပ်မံချမှတ်သည်။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ထားသည့် စီးပွားရေးဆန်ရှင်ကို ချိုးဖောက်ရန် ကြိုးစားမှုဖြင့် ကုမ္ပဏီလုပ်ငန်းများ၊ လူပုဂ္ဂိုလ်များစာရင်းတွင် နောက်ထပ်ထပ်တိုးခြင်း ဖြစ်သည်။

ယခု စာရင်းသစ်တွင် သင်္ဘောကုမ္ပဏီ ၂၁ ခု၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ သင်္ဘော ၂၇ စီးတို့ပါဝင်ကြောင်း ၁၇၈၁ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။

စီးပွားရေးလုပ်ငန်းရှင်ဆိုသူမှာ ထိုင်ဝမ်က Tsang Yung Yuan ဆိုသူဖြစ်ပြီး ၎င်းသည် မြောက်ကိုရီးယားအား ကုလသမဂ္ဂက အပြစ်ပေးကာ တားမြစ်ထားသည့် ကျောက်မီးသွေး တင်ပို့မှုတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိထားသူဟု စွပ်စွဲခံရသူဖြစ်သည်။

သင်္ဘောကုမ္ပဏီများမှာ အများစုက မြောက်ကိုရီးယားက ဖြစ်ပြီး ဟောင်ကောင်က နှစ်ခုနှင့် စင်ကာပူက တစ်ခုတို့ ပါဝင်သည်။

ယခုဒဏ်ခတ်ပိတ်ဆို့မှုများသည် သမိုင်းတစ်ရပ်ပဲဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယာသံတမန် နစ်ကီဟေလီက ရည်ညွန်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြောက်ကိုရီးယားအရေး သံခင်းတမန်ခင်း ပြေလည်စပြုနေချိန် ယခုဒဏ်ခတ်ပိတ်ဆို့မှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required