နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ အက်ရှင်မင်းသားကြီး အာနိုး

နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ အက်ရှင်မင်းသားကြီး အာနိုး

မတ် ၃၁ ။          ။ ကမ္ဘာကျော် ဟောလိဝုဒ် အက်ရှင်မင်းသားကြီး အာနိုး ရှဝါဇနက်ဂါတစ်ယောက် ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်က အရေးပေါ် နှလုံးခွဲစိတ်ကုသမှုတစ်ရပ် ခံယူခဲ့ရတယ်လို့ celebrity သတင်းဝက်ဆိုဒ် TMZ က ဖော်ပြပါတယ်။ ယခုအခါမှာတော့ ခွဲစိတ်မှု အောင်မြင်ပြီး မင်းသားကြီး အာနိုးရဲ့ အခြေအနေဟာလည်း တည်ငြိမ်ကောင်းမွန်နေတယ်လို့ သိရပါတယ်။

အသက် ၇၀ နှစ်ရှိပြီဖြစ်တဲ့ မင်းသား တစ်ဖြစ်လဲ တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမား အာနိုးဟာ ယင်းနေ့က လော့အိန်ဂျလိစ် ဆေးရုံတစ်ရုံမှာ နှလုံးအဆို့ရှင်လဲလှယ်ဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။

"Terminator" ၊ "Predator" ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး အာနိုးဟာ ဆေးရုံမှာ ရင်ခေါင်းဖွင့် နှလုံးခွဲစိတ်ကုသမှုခံယူခဲ့ရတာဖြစ်ပြီး ခွဲစိတ်မှုဟာ နာရီပေါင်းများစွာကြာမြင့်ခဲ့ရပါတယ်။

ယခုအခါမှာတော့ မင်းသားကြီး အာနိုးရဲ့ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှု ခံယူပြီးပြီးချင်း သတိရလာတာနဲ့ မင်းသားကြီး အာနိုးဟာ "I'm back" "ငါပြန်လာပြီ" ဆိုတဲ့ စကားကို ပြောခဲ့သေးကြောင်းလည်း သိရပါတယ်။

၎င်းဟာ ဆိုရင် ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်က အဆိုပါ နှလုံးအဆို့ရှင်တစ်ခုကို တပ်ဆင်ထားရတာဖြစ်ပြီး ယခုတစ်ကြိမ်ခွဲစိတ်မှုကတော့ ယင်း အဆို့ရှင်ကို ပြန်လည်လဲလှယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required