ဒဏ်ရာပြဿနာများကို ဝီလ်ရှီးယားဘယ်တော့မှ ကျော်ဖြတ်နိုင်ခြင်းမရှိမည်ကို အာဆင်နယ်စိုးရိမ်

ဒဏ်ရာပြဿနာများကို ဝီလ်ရှီးယားဘယ်တော့မှ ကျော်ဖြတ်နိုင်ခြင်းမရှိမည်ကို အာဆင်နယ်စိုးရိမ်

မတ် ၃၁၊ လန်ဒန် ။           ။ အသက် ၂၆ နှစ်အရွယ် ကစားသမား၏ကြံ့ခိုင်မှုမှာ စာချုပ်သစ်ကိစ္စနှောင့်နှေးမှု၏နောက်ကွယ်မှအချက်အဖြစ်ရှိနေရာ အာဆင်နယ်အသင်းအနေဖြင့် ဒဏ်ရာပြဿနာများကို ဝီလ်ရှီးယား ဘယ်တော့မှ ကျော်ဖြတ်နိုင်ခြင်းမရှိမည်ကို စိုးရိမ်နေသည်။

ဝီလ်ရှီးယားသည် စာချုပ်သက်တမ်း သုံးလသာ ကျန်တော့ပြီး စာချုပ်သစ်ချုပ်လျှင် တစ်ပတ်ပေါင် ၁၁၀, ၀၀၀ ခန့်ရသင့်သည်ဟု ယူဆနေသော်လည်း အာဆင်နယ်၏ကမ်းလှမ်းမှုမှာ ပေါင် ၃၀, ၀၀၀ လျှော့နည်းနေသည်။

သဘောတူညီချက်ရမည့် အရိပ်အယောင်မရှိသေးဘဲ အဲဗာတန်နှင့် ဝက်စ်ဟမ်းအသင်းတို့ကလည်း ကစားသမားကို စိတ်ဝင်စား ကြောင်းပြသနေကြသည်။

အာဆင်နယ်အသင်းသည် ဝီလ်ရှီးယားကို လေ့ကျင့်ခန်းအစီအစဉ်တွင် ပြင်းပြင်းထန်ထန်ပြုလုပ်စေခြင်းမရှိသော်လည်း လေ့ကျင့်ချိန်ပြည့် စမ်းသပ်လျှက်ရှိသည်။

အင်္ဂလန်လက်ရွေးစင်အသင်း၏ခြေစမ်းပွဲနှစ်ပွဲဖြစ်သော နယ်သာလန်၊ အီတလီတို့နှင့်ပွဲများကို ဒူးဒဏ်ရာကြောင့်လွဲခဲ့သည့် ဝီလ်ရှီးယားသည် တနင်္ဂနွေတွင် စတုတ်နှင့်ကစားမည့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ပွဲတွင်မူ ပါဝင်လာဖွယ်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required