လေဗာကူဆင်တိုက်စစ်မှူး ဆုန်ယောင်မင်းကို ပေါင် ၁၈ သန်းဖြင့် စပါးကမ်းလှမ်း

လေဗာကူဆင်တိုက်စစ်မှူး ဆုန်ယောင်မင်းကို ပေါင် ၁၈ သန်းဖြင့် စပါးကမ်းလှမ်း

စပါးအသင်းသည် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းမှ တိုက်စစ်မှူး ဆုန်ယောင် မင်းကို ပေါင် ၁၈ သန်းဖြင့် ကမ်းလှမ်းထားသည်။

အသက် ၂၃ နှစ် အရွယ်ရှိ ယင်းတိုက်စစ်မှူးသည် ဗုဒ္ဓဟူးညက လေဗာကူဆင်အသင်းနှင့်အ တူ ချန်ပီယံလိဂ်ပွဲ ကစားရန်ရှိသော်လည်း ပါဝင်ခဲ့ခြင်း မရှိသောကြောင့် စပါးအသင်းနှင့် ဆေးစစ်မှု ခံယူနေဖွယ်ရှိသည်ဟု ယူဆရသည်။ ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၁ ဒသမ ၉ သန်းထိ မြင့်တက် လာနိုင်သည်။

တောင်ပံတွင်သာမက နောက်ချန်တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သော ဆုန်ယောင်မင်းကို လီဗာပူးလ်နှင့် အဲဗာတန်တို့ကလည်း ပစ်မှတ်ထားခဲ့ကြသည်။ တောင်ကိုရီးယား လက်ရွေးစင် ဆုန်ယောင်မင်း သည် ၂၀၁၃ တွင် ဟမ်းဘတ်မှ လေဗာကူဆင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဂျာမန်မြေတွင် ခြေစွမ်းပြနေသူဖြစ်ကာ ဘွန်ဒက်စ်လီဂါ ၁၃၁ ပွဲတွင် ၄၁ ဂိုး သွင်းယူထားသည်။

"အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေပါတယ်။ ချန်ပီယံလိဂ်မှာ သူမကစားနိုင်တာက ဖျားနေတာ တစ်ပတ်လောက်ရှိနေလို့ပါ" ဟု ဆုန်ယောင်မင်း၏ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး လေဗာကူဆင် အားကစားဒါရိုက်တာ ရူဒီဗောင်လာက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly