လာအိုတွင် တရုတ်ကုမ္ပဏီ ကနေရောင်ခြည်စွမ်းအင် ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်မည်

လာအိုတွင် တရုတ်ကုမ္ပဏီ ကနေရောင်ခြည်စွမ်းအင် ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်မည်

ဗီယင်ရှင်း၊ သြဂုတ် ၂၈ ။          ။ အသစ်ဖွဲ့စည်းလိုက်သော တရုတ်ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော Laos Green City Company သည် သြဂုတ် ၂၅က ဗီယင်ရှင်းတွင် တရားဝင် စတင်ဖွဲ့စည်းပြီးနောက် အလားအလာရှိသော နေရောင်ခြည်စွမ်းအင် ထုတ်ယူအသုံးချရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရန် စီစဉ်ထားသည်။

လာအိုတွင် နေသာသောနေ့တစ်နေ့ကို ကြုံတွေ့ခဲ့ရပြီးနောက် မိတ်ဆွေများနှင့် ဆွေးနွေးခဲ့ရာမှ ယင်းကဲ့သို့လုပ်ငန်းမျိုးစတင်လုပ်ကိုင်ရန် စိတ်ကူးရလာခြင်းဖြစ်ပါကြောင်း ဖွင့်ပွဲအခမ်းအနားတွင် ကုမ္ပဏီ၏ ဥက္ကဋ္ဌ ချန်ရှိယောက်ယန်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

" ကျွန်တော်တို့ နေရောင်ခြည်စွမ်းအင်ရဲ့အလားအလာရှိတဲ့ အကျိုးကျေးဇူးကို တွေးမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လာအိုက ပူပြီးတော့ နေသာတယ်။ ဒါ့ကြောင့်လေနဲ့နေရောင်ခြည် စနစ်တွေဆီ ကနေနောက် ထပ်ရွေးချယ်စရာ စွမ်းအင်ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြုပ်နှံဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် "ဟု ၎င်းကပြောသည်။

လာအိုတွင် နေရောင်ခြည်စွမ်းအင်ကို ပါဝါဓါတ်အားလိုင်းများမှ လျပ်စစ်မရသော ကျေးလက်ဒေသများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။" နေရောင်ခြည်စွမ်းအင်ဟာ Green City၊ နေ့စဉ်ပြည်သူနဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးကြီးပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ကုမ္ပဏီကို တရားဝင်စတင်ဖွဲ့စည်းတာပါ"ဟု ၎င်းကဆိုသည်။

လောလောဆယ် လာအိုသည် သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ်ယူဆသော ရေအားလျပ်စစ်အပေါ်တွင်သာ အများအားဖြင့် မှီခိုနေရသည်။ သို့သော်လည်း နေရောင်ခြည်စွမ်းအင်ကို သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ကြည့်မှုအရ နေရောင်ခြည်စွမ်းအင်သည် လာအို၏ လူမှု-စီးပွားဖွံ့ဖြိုးရေး မှန်မှန်တိုးတက်မှုကို အထောက်အကူပြုနိုင်သည်ကို တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly