ဌာနဆိုင်ရာနှင့် နိုင်ငံဝန်ထမ်းများကို ကြပ်မတ်မည်ဟု သမ္မတဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်းတွင် ပြောကြား

ဌာနဆိုင်ရာနှင့် နိုင်ငံဝန်ထမ်းများကို ကြပ်မတ်မည်ဟု သမ္မတဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်းတွင် ပြောကြား
Phtoto-myanmar president office

နိုင်ငံတော်သမ္မတအသစ် ဦးဝင်းမြင့်က ဌာနဆိုင်ရာနှင့် နိုင်ငံဝန်ထမ်းများကို ကြပ်မတ်မည်ဖြစ်ပြီး တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို တည့်မတ်သွားမည်ဖြစ်ကြောင်း ၎င်း၏ ပထမဦးဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကတိ သစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းအစီစဉ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ် ။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ် ။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ် ။ လူ့အခွင့်အရေးချိုးဖောက်ကာကွယ်ခြင်းများကို မြှင့်တင်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံရပါလိမ့်မယ် ။ ဥပဒေမဲ့သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများပြန်လည်ရရှိရေး လျော်ကြေးနစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝမြင့်မားတိုးတက်ရေး အလုပ်သမားများရဲ့ဘဝသာယာစိုပြေရေး ကျောင်းသားလူယ်များ အဆင့်မြှင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေးကို ဖော်ဆောင်ရပါလိမ့်မယ်" ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

နိုင်ငံ့ဝန်ထမ်းများ၏ ပုံသေကားချပ်အတွေးအခေါ် အပြုအမှုများကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု လည်း သမ္မတဦးဝင်းမြင့်က ပြောသည်။

ထို့အပြင် ထမ်းဆောင်ရမည့်တာဝန်များကို "တော်တည့်မှန်ကန် လေးနက်တည်ကြည်စွာနှင့် ထမ်းရွက်သွားမည်" ဟု ၎င်းကပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် ၁၉၅၁ခုနှစ်၌မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ရရှိခဲ့သူဖြစ်သည်။ ဘွဲ့ရပြီးနောက်ပိုင်းတွင် အထက်တန်းရှေ့နေ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ခုနှစ်အချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကာ မတ်လ ၂၈တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required