ရုပ်ရှင်မျိုးဆက်သစ်များကို ရုပ်ရှင်အစည်းအရုံးက ကူညီ မည်

ရုပ်ရှင်မျိုးဆက်သစ်များကို ရုပ်ရှင်အစည်းအရုံးက ကူညီ မည်

ရန်ကုန် မတ် ၂၉ ။            ။ ရုပ်ရှင်လောကမျိုးဆက်သစ်များကို ရုပ်ရှင်အစည်းအရုံးက ခေါ် ယူတွေ့ဆုံပြီး ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများ ကို ညှိနှိုင်းကူညီသွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားခဲ့သည်။

လာမည့် ဧပြီလအတွင်း ရုပ်ရှင်လောကမျိုးဆက်သစ်များ ကို ခေါ်ယူတွေ့ဆုံမည်ဖြစ်ပြီး မျိုးဆက်ဟောင်းရုပ်ရှင် လောကသားများနှင့်လည်း ညီညွတ်မှုရှိရန် ၂ ဘက်တွေ့ ဆုံမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ညီညွတ်မှု တည်ဆောက်ရန် ခက်ခဲသော်လည်း ရအောင် တည် ဆောက်သွားမည်ဟု ဥက္ကဋ္ဌဦးဇင်ဝိုင်းက ပြောသည်။

"မျိုုးဆက်သစ်များကို ကျွန်တော်တို့ ခေါ်ယူတွေ့ဆုံမယ်၊ ဧပြီ လဆန်းမှာ၊ ဒီလိုမျိုးတွေ့ပြီးမှ နွေးထွေးမှုတစ်ခု ယုံကြည် မှုတစ်ခုတည်ဆောက်နိုင်ပြီး မျိုးဆက်ဟောင်းများနဲ့ပါ ကျွန်တော်တို့တွေ့ကြမယ်၊ ပြီးတော့ ဒီလူတွေအားလုံး အားနဲ့ ပူပေါင်းဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ ထပ် ကြိုးစားရပါ့မယ်၊ ညီညွတ်ဖို့ဆိုတာ ခက်ခဲပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ" ဟု ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

မျိုးဆက်သစ်ရုပ်ရှင်လောကသားများ ရိုက်ကူးပြီး ရုပ်ရှင်ကားများ ရုံတင်ရန် ကြန့်ကြာမှုပြသနာများသည် မျိုးဆက်ဟောင်းများလည်း ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ် ဖြစ်သည်ဟု ဦးဇင်ဝိုင်းက ဆက်ပြောသည်။

" ရုံတင်ပြသနာသည် မျိုးဆက်သစ်ကလေးတွေမှ ကြုံနေတဲ့ပြသနာမဟုတ်ဘူး၊ မျိုးဆက်ဟောင်းကြီးတွေတောင် ကြုံနေပြီး အခုထိကားထုပ်ပိုက်ထားပြီး ဘယ်နေ့ ရုံတင်ရ မှန်းမသိဘဲ စောင့်နေတဲ့သူတွေ အများကြီးရှိပါတယ်" ဟု ဦးဇင်ဝိုင်းက ပြောသည်။

လက်ရှိအနေအထားသည် ရုပ်ရှင်လောက၏ အရွေ့ အပြောင်းတစ်ခု၊ တော်လှန်ရေးတစ်ခုလည်း ဖြစ်နိုင်ပြီး ညင်သာစွာပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟုလည်း ဦးဇင်ဝိုင်းက ပြောသည်။

" သေချာတာတစ်ခုကတော့ ရုပ်ရှင်လောကရဲ့ အရွေ့အပြောင်းတစ်ခု ဖြစ်လာပြီဆိုတာ ကျွန်တော် လွန်ခဲ့တဲ့ ၆ လကတည်းက ပြောပါတယ်၊ ဒီအရွေ့အပြောင်းတစ်ခု က ရုပ်ရှင်လောကရဲ့ တော်လှန်ရေးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်၊ သို့သော် သည်ပြုပြင်ပြောင်းလဲရေး သည် ညင်သာစွာပြောင်းလဲသွားဖို့ လိုအပ်ပါတယ်၊ ရှိသမျှဟာတွေ အကုန်ဖြိုဖျက်ချပြီး အသစ်တွေချည်း နေရာယူ ဖို့ကလည်း ကျွန်တော်တို့အနေနဲ့ အခြေအနေမပေးသေး ပါဘူး" ဟု ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိစ္စအပေါ် ဝေဖန်မှု များ၊ အနုပညာရှင်အချို့၏ Group Chat ပေါက်ကြား မှုကိစ္စများအပါအဝင် အင်တာနက်လူမှုကွန်ယက်များ တွင် ဝေဖန်မှုများနှင့် ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့က ရုပ်ရှင်အစည်းအရုံးတွင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly