တိုက်ဂါးဝုဒ်၏ အတ္ထုပ္ပတ္တိကို ရုပ်သံစီးရီးအဖြစ် အသက်သွင်းရန်စီစဉ်

တိုက်ဂါးဝုဒ်၏ အတ္ထုပ္ပတ္တိကို ရုပ်သံစီးရီးအဖြစ် အသက်သွင်းရန်စီစဉ်

အော်စကာဆုရဒါရိုက်တာ အဲလက်စ်ဂစ်ဘ်နေးသည် ကမ္ဘာကျော်ဂေါ့ဖ်ရိုက်သမားဖြစ်သူ တိုက်ဂါးဝုဒ်၏ အတ္ထုပ္ပတ္တိကို မှတ်တမ်းတင်ရုပ်သံဇာတ်လမ်းတွဲအဖြစ်အသက်သွင်းနိုင်ရန် စီစဉ်နေကြောင်း ဂစ်ဘ်နေး၏ ထုတ်လုပ်ရေးကုမ္ပဏီ Jigsaw က ကြေညာခဲ့သည်။

ဂစ်ဘ်နေးသည် အဆိုပါရုပ်သံစီးရီးအတွက် ဂျာနယ်လစ်များဖြစ်ကြသော ဂျက်ဖ်ဘန်နဒစ်နှင့် အာမန်ကီတီယီအန်တို့ ရေးသားထားသော Tiger Woods ဆိုသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိကို အခြေပြုရိုက်ကူး မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်သံစီးရီးထုတ်လွှင့်မည့်အချိန်ကာလကို Jigsaw က ကြေညာခြင်းမရှိသေးကြောင်းလည်း သိရသည်။

အသက် ၄၂နှစ်အရွယ်ရှိ တိုက်ဂါးဝုဒ်သည် သူ့ခေတ်သူ့အခါတွင် အကြီးကျယ်အခမ်းနားဆုံးသော ဂေါ့ဖ်ရိုက်သမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိအချိန်တွင် ဒဏ်ရာများမှရုန်းထကာ သူ၏ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းလျက်ရှိသည်။

ဝုဒ်သည် အတ္ထုပ္ပတ္တိကိုရေးသားထားသော စာရေးဆရာများနှင့် စကားပြောဆိုခြင်းမရှိခဲ့သော်လည်း သူ၏ ကိုယ်ရေးအရာရှိကိုမူ သူ၏မှတ်တမ်းများနှင့်ပက်သက်၍ စာရေးဆရာများနှင့် ပြောဆိုခွင့်ပြုခဲ့သည်။

တိုက်ဂါးဝုဒ်၏အတ္ထုပ္ပတ္တိအကြောင်းစာအုပ်မှာ Amazon ၏ ရောင်းအားအကောင်းဆုံး စာအုပ် ၄၀ စာရင်းထဲ၌ ပါဝင်ရပ်တည်နိုင်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required