မက်ဒေါနားအပေါ် မေတ္တာရှိနေဆဲဖြစ်ကြောင်း ခင်ပွန်းဟောင်းဖြစ်သူ ရှောင်ပဲန်ထုတ်ဖော်ပြသ

မက်ဒေါနားအပေါ် မေတ္တာရှိနေဆဲဖြစ်ကြောင်း ခင်ပွန်းဟောင်းဖြစ်သူ ရှောင်ပဲန်ထုတ်ဖော်ပြသ

နာမည်ကြီးပေါ့ပ်ဘုရင်မကြီးဖြစ်သော အဆိုတော်မက်ဒေါနားနှင့် နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး ရှောင်ပဲန်တို့သည် ကွာရှင်းပြတ်စဲခဲ့ကြသည်မှာ နှစ်ပေါင်း ၃၀နီးပါးခန့်ရှိပြီဖြစ်သော်လည်း မင်းသားကြီးက သူသည် မက်ဒေါနားအပေါ် ချစ်နေဆဲဖြစ်သည်ကို တစ်နည်းတစ်ဖုံနှင့် ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးခင်ကထုတ်လွှင့်ခဲ့သော Late Show with Stephen Colbert အစီအစဉ်၌ ရှောင်ပဲန်သည် မေးခွန်းများကို ဖြေကြားသော ဂိမ်းကစားနည်းတစ်ခု၌ပါဝင်ခဲ့ပြီး ကျပန်းမေးခွန်းများစွာကို ဖြေဆိုခဲ့သည်။

နောက်ဆုံးမေးခွန်းအဖြစ် အစီအစဉ်မှူးက ရှောင်ပဲန်အား ပေါ့ပ်ဂီတလောက၏ဘုရင်မနှင့်မင်းသမီးအဖြစ် မက်ဒေါနားနှင့် ဘရစ်တနေးစပီးယားတို့ထဲမှ မည်သူ့ကိုရွေးချယ်မည်နည်းဟု မေးမြန်းခဲ့စဉ်တွင် ရှောင်ပဲန်က တခစ်ခစ်ရယ်ခဲ့ပြီးနောက် “ကျနော့်ရဲ့ ဇနီးဦးလေးကိုအရမ်းပဲချစ်ပါတယ်။ ဒီလိုနှိုင်းယှဉ်ပြီး မေးခွန်းထုတ်နေ စရာကိုမလိုပါဘူး” ဟု ဖြေကြားခဲ့သည်။

အစီအစဉ်မှူးဖြစ်သူ ကိုးလ်ဘာ့တ်က “လူတွေအားလုံးက သူတို့နှစ်ဦးကို အမြဲတမ်းလိုလို နှိုင်းယှဉ်ပြောဆိုနေကြ ပါတယ်” ဟု ပြောခဲ့ပြီး ရှောင်ပဲန်အနေဖြင့် မက်ဒေါနားကိုပဲ ရွေးချယ်မည်လားဟု မေးမြန်းခဲ့ရာတွင် မင်းသားကြီး က “သိပ်သေချာတာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ရှောင်ပဲန်နှင့် မက်ဒေါနားတို့သည် လွန်ခဲ့သော ၁၉၈၅ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က လက်ထပ်ခဲ့ကြပြီး ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကွာရှင်းခဲ့ကြသည်။ သူတို့နှစ်ဦးသည် Shanghai Surprise ဆိုသော ရုပ်ရှင်ဇာတ်ကားထဲ၌ အတူတူပါဝင်သရုပ်ဆောင်ခဲ့ဖူးကြသည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required