အိုယွန်းဆိုးနှင့် ကင်မ်ဘမ်တို့ ချစ်သူများဖြစ်နေကြပြီဟု အတည်ပြု

အိုယွန်းဆိုးနှင့် ကင်မ်ဘမ်တို့ ချစ်သူများဖြစ်နေကြပြီဟု အတည်ပြု

တောင်ကိုရီးယားမှ နာမည်ကြီးမော်ဒယ်နှင့်မင်းသားဖြစ်သူ ကင်မ်ဘမ်နှင့် မင်းသမီး အိုယွန်းဆိုးတို့သည် ချစ်သူ များဖြစ်နေကြပြီဟု သတင်းအများအပြားကဖော်ပြခဲ့ပြီးနောက် မတ်လ ၂၉ ရက်နေ့တွင် သူတို့နှစ်ဦး၏အေဂျင်စီ များက အဆိုပါဖော်ပြချက်များကို အတည်ပြုခဲ့ကြသည်။

သတင်းများက ကင်မ်ဘမ်နှင့် အိုယွန်းဆိုးတို့သည် ပွဲတစ်ခု၌ဆုံတွေ့ခဲ့ကြပြီးနောက် တစ်ယောက်နှင့်တစ် ယောက် အလျင်အမြန်ရင်းနှီးလာခဲ့ကြကာ ချစ်သူများအဖြစ်သို့   မြန်ဆန်စွာရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ ကြသည်။

အိုယွန်းဆိုး၏အေဂျင်စီဖြစ်သော Celltrion Entertainment က “ Hwayugi ဒရာမာဇာတ်လမ်းတွဲ ပြီးဆုံးသွားခဲ့ တဲ့ မတ်လအစောပိုင်းလောက်မှာ သူတို့နှစ်ဦးဟာ ပွဲတစ်ခုမှာဆုံတွေ့ခဲ့ကြပြီး မိတ်ဆွေများဖြစ်ခဲ့ကြရာကနေ ချစ်သူများအဖြစ်ကို မြန်ဆန်စွာရောက်ရှိသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်ကိုယ်စီရှိနေကြသလို တစ်ယောက်အကြောင်းကိုတစ်ယောက်လည်း ကောင်းကောင်းသိနေကြပါပြီ” ဟု ဖြေရှင်းခဲ့သည်။

ဒါ့အပြင် ကင်မ်ဘမ်၏ အေဂျင်စီဖြစ်သော Starship Entertainment ကလည်း သတင်းများကဖော်ပြခဲ့သလို သူတို့နှစ်ဦးသည် ပွဲတစ်ခု၌ဆုံတွေ့ခဲ့ရာမှ မိတ်ဆွေများဖြစ်ခဲ့ကြပြီးနောက် ချစ်သူအဖြစ်သို့ မကြာသေးခင်က ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုပြောဆိုခဲ့သည်။

ဆက်လက်ပြီး ယင်းအေဂျင်စီက “သူတို့နှစ်ဦးစလုံးရဲ့ ချစ်သူသက်တမ်းဟာ အခုမှအစပဲရှိပါသေးတယ်” ဟု သတင်းထုတ်ပြန်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required